Sunday, August 29, 2010

အလိုချင်ဆုံး.. မင်းနဲ့အဝေးဆုံး..

အမျှော်လင့်ဆုံးထားခဲ့.. ငါ့ဝိညာဉ်ရယ်..
ကမ္ဘာငယ်လေးတစ်ခုထက်..
ငါ့အသိတွေထဲ.. ဆန္ဒအားလုံးထက်..

တစ်ကြိမ်သေဆုံးဖူးတဲ့.. အိပ်မက်တွေထဲ..
ငါ့စွန့်စားမိခဲ့.. ရူးသွပ်စေခဲ့.. မင်းအတွက်ပါကွယ်..

အရာရာထက်မင်းကိုပိုလွန်းခဲ့ပါတယ်..
ယုံကြည်ခြင်းအစွန်းမှာရပ်တန့်ရင်း..
မမြင်နိုင်တဲ့တံခါးတွေဖွင့်ထားပါတယ်..မင်းအတွက်..

မသေချာခြင်းများနဲ့.. သွေးပျက်စေခဲ့..
ဒီမျက်ဝန်းလေးထဲ .. ဆက်အသက်ရှင်ခဲ့
မင်းအတွက်ပါကွယ်..


အရာရာထက်မင်းကိုပိုလွန်းခဲ့ပါတယ်..
ယုံကြည်ခြင်းအစွန်းမှာရပ်တန့်ရင်း..
မမြင်နိုင်တဲ့တံခါးတွေဖွင့်ထားပါတယ်..မင်းအတွက်..
အလိုချင်ဆုံး.. မင်းနဲ့အဝေးဆုံး... မင်းနဲ့အဝေးဆုံး..
မင်းနဲ့အဝေးဆုံး.. တစ်ယောက်တည်းသွားချင်တယ်..
အဝေးဆုံးးးး. .... ..

Thursday, August 05, 2010

အိပ်မက်ထဲက လူ

တစ်ဖက်သတ်ဆန်ခဲ့ ငါ့အဖြစ်တွေက
တကယ်ဆို အိပ်မက်ပမာ
မပီပြင် ငါ့စိတ်ထားတွေ
တစ်ချိန်မှာ မင်းမသိအောင်
်ငါလျှို့​ဝှက်​နေ
မင်းမချစ်နိုင်မှန်း သိခဲ့ပေမယ့်
ငါဟာ ဇွတ်တရွတ်ပဲ
တကယ်တမ်းကျတော့
စိတ်ကူးထဲမှာ ကျေနပ်ရတာ

တကယ်ဆိုရင် ငါ့အဖြစ်ဟာ အိပ်မက်ထဲက လူတစ်ယောက်
တကယ်ဆိုရင် ငါ့အဖြစ်ဟာ အိပ်မက်ထဲက လူတစ်ယောက်ပါ

မင်းမချစ်နိုင်မှန်း သိခဲ့ပေမယ့် ငါဟာ ဇွတ်တရွတ်ပဲ
တကယ်တမ်းကျတော့ စိတ်ကူးထဲမှာ ကျေနပ်ရတာ