Thursday, September 30, 2010

track out

Let me track out this fragile heart to damage bin.....

်မျှော်လင့်ချက်

အမျှော်လင့်ဆုံးထားတဲ့ သူကိုမှ
မျှော်လင့်ခြင်းကို ဖျက်ဆီးပြစ်တယ်
်မျှော်လင့်ချက် မရှိတာမှာရော ရှိတာရာမှာ
မျှော်လင့်မှုကင်းစွာနဲ့ ရှေ့ဆက်လျှောက်မယ်.....

Wednesday, September 29, 2010

အရည်တွေပျော်ကုန်ပြီ

အရည်တွေပျော်ကုန်ပြီ...

Love

ချစ် အချစ်ဆိုတာ ချစ်သူတို့မှီခိုအားထားရာ
ချစ်သူနှစ်ဦး အကြွင်းမဲ့ယုံကြည်ရာ
တစ်ဦးအပေါ်တစ်ဦး အမြင့်ဆုံးတန်ဖိုးထားရာ
ရိုသေလေးစားမှုရဲ့ ဖြစ်တည်ရာ
သစ္စာတရားရဲ့ ခြေရာ
ဖြူစင်ရိုးသားမှုရဲ့ အရိပ်
တည်ငြိမ်ပျော်ရွှင်မှုရဲ့ အိမ်
နှစ်လုံးသား တစ်စုံရဲ့ နှစ်ယောက်တစ်ဘဝ နားလည်ဖေးမမှု
လျှို့ဝှက်မှုရဲ့ သေဆုံးရာ
အပြစ်တရားရဲ့ သင်္ချိုင်း
လှည့်ပတ်ခြင်းရဲ့ အုပ်ဂူ
လိမ်ညာခြင်းရဲ့ ပျက်သုဉ်းရာပါ

အချစ်ကို တန်ဖိုးမထားရင် နေပါ
အရာရာ ရှိပါစေတော့

Monday, September 27, 2010

ဘာအကြောင်းကြောင့်

နေတတ်သလိုနေတဲ့ လူတွေကြားမှာနေလဲ အရောင်တွေပြောင်းပြီးရှေ့ဆက်
နေတာအမြဲခံနေတဲ့ ပင်လယ်သမုဒ္ဒရာလိုမျိုး လူတွန့်ခေါက်ကြေနေလဲ

ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မယိုင်နဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုပါနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မပူပါနဲ့

လူဆိုတာ အပ္ပာယ်တိရိစ္ဆာန်တွေထက် အမြင့်ရောက်နေသော်လည်း တစ်ချိန်ကြွေရမယ့်ပန်းတစ်ခက်ပါ
ဒီကမ္ဘာမှာ မှီပေးမယ့်သူမှ အခုပေးသူမရှိလဲ ငါ့ဆီမင်းအပြေးသာလာခဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မယိုင်နဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုပါနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မပူပါနဲ့

အရာတိုင်းမှာ အကုန်လုံး သူ့သဘောသူဆောင်တဲ့ အဖြစ်အပျက်ကိုယ်စီနဲ့
ယုံကြည်ပါ ဒီလောကတစ်ခုလုံးဟာ နောက်တစ်ရက်မျှော်နေတဲ့ အချိန်စက်သီးလေးတစ်လုံးပါ
ဟိုကွယ် မင်းရှိနေလဲ မင်းမရှိတော့လဲ အကုန်လုံးဟာ နေမြဲ နေဆဲ နေမြဲပါ
မင်းမရှိတော့လဲ မင်းရှိနေတယ် အကုန်လုံးဟာ နေမြဲ နေဆဲ နေခဲ့တယ်

ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မယိုင်နဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုပါနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မပူပါနဲ့

ဘာအကြောင်းကြောင့်..ဘာအကြောင်းကြောင့်...ဘာအကြောင်းကြောင့်......

Horizon

ချစ်...
မိုးတိမ်မဲတွေမှာ ငွေရောင်အနားသတ် ဆိုတာရှိတယ်
အလွမ်းတိမ်တိုက်ရဲ့ အဆုံးသတ်မှာ ပျော်ရွှင်မှုဆိုတာရှိတယ်...ဒါမှမဟုတ်...

Monday, September 20, 2010

အစမ်းသပ်ခံ အသည်းနှလုံး



အဆုံးမဲ့ နာကျင်မှုတွေနဲ့
မျှော်လင့်ချက်မဲ့
အစမ်းသပ်ခံ အသည်းနှလုံး
ဒါဏ်ရာ အပြည့်နဲ့
မင်းပျော်ဖို့ အတွက်
အဖြည့်ခံ သက်သက်ဖြစ်လည်း
မင်းပျော်မယ် ဆိုတော့
ဒါဏ်ရာကပေးတဲ့ ဝေဒနာ
သာယာတဲ့ ခံစားမှုပဲပေါ့....

Monday, September 06, 2010

ငါနဲ့မင်း

ထားရစ်ခဲ့လိုက် ကိစ္စမရှိပါ ငါ့အတွက်
ကျောခိုင်းလိုက်ရင် အားလုံးမေ့ပြီ အတိတ်တွေ

မင်းမရှိတော့ပေမယ့် ငါ့ဘဝဟိုးအရင်အတိုင်းပဲ
မင်းမရှိတော့ပေမယ့် ငါ့ဘဝဟိုးအရင်အတိုင်းပဲ

ငါနဲ့မင်း ငါနဲ့မင်း
ရုတ်တရက်ပါ မမေ့ချင်လည်းမေ့

ထားရစ်ခဲ့လိုက် ကိစ္စမရှိပါ ငါ့အတွက်
ကျောခိုင်းလိုက်ရင် အားလုံးမေ့ပြီ အတိတ်တွေ
မင်းမရှိတော့ပေမယ့် ငါ့ဘဝဟိုးအရင်အတိုင်းပဲ
ငါနဲ့မင်း ငါနဲ့မင်း ရုတ်တရက်ပါ မမေ့ချင်လည်းမေ့