Monday, February 28, 2011

အိမ်မက်တွေရဲ့ အဆုံးသတ်တိုင်းမှာ
မျက်ရေမြစ် တစ်စင်းဖြတ်သန်းစီးဆင်းဆဲမြဲဘဲ
ဘာကြောင့်များလဲ ချစ်သူ
အိမ်မက်တစ်ခုဟာ အိမ်မက်တဲ့
အတော်ရီစရာကောင်းတဲ့ စကားလုံးဘဲပေါ့

Saturday, February 26, 2011

Remember
I will still be here
As long as you hold me
In your own memory

သတိရပေးပါ
မင်းရဲ့ မှတ်ဉာဏ်ထဲမှာ
ငါ့ကို သတိရနေသေးသ၍
ဒီနေရာမှာ ငါရှိနေအုန်းမှာပါ

Remember
When your dreams have ended
Time can be transcended
Just remember me

သတိရပေးပါ
မင်းရဲ့ အိမ်မက်တွေ အဆုံးသတ်ချိန်မှာ
မမျှော်လင့်တာတွေကို အချိန်က ပေးစွမ်းမှာပါ
ငါ့ကိုသတိရရုံ သတိရပေးပါ

I am the one star
That keeps burning so brightly
It is the last light
To fade into the rising sun

ငါက တက်နေရဲ့ အလင်းထဲကို တိုးလျှိုးပျောက်ကွယ်ဖို့ရာ
နောက်ဆုံးညမှာ တောက်ပစွာ လောင်ကျွမ်းနေရတဲ့
ကြယ်တစ်ပွင့်ဘဲပေါ့

I'm with you
Whenever you tell
My story
For I am all I've done

ငါ့အကြောင်း မင်းပြောတိုင်း
ငါမင်းနဲ့ အတူရှိနေမှာပါ
ငါအတွက်တော့ အားလုံးပြီးမြောက်ခဲ့ပြီပေါ့

Remember, I will still be here
As long as you hold me
In your own memory
Remember me

သတိရပေးပါ
မင်းရဲ့ မှတ်ဉာဏ်ထဲမှာ
ငါ့ကို သတိရသေးသ၍
ဒီနေရာမှာ ငါရှိနေအုန်းမှာပါ
ငါ့ကိုသတိရပေးပါ

I am that warm voice
In the cold wind that whispers
And if you listen
You'll hear me call across the sky

ပြင်းရှအေးစက်တဲ့ လေစီးကြောင်းထဲမှာ
ငါက နွေးထွေးတဲ့ အသံဘဲပေါ့
မင်းနားစွင့်ကြည့်ရင်
ကောင်းကင်တစ်ပြင်လုံးကို ဖြတ်ပြီးခေါ်နေတဲ့
ငါ့အသံကို ကြားမှာပါ

As long as
I still can reach out
And touch you
That I will never die

မင်းဆီကို ရောက်နိုင်သေးသ၍
နောက်ပြီး မင်းကိုထိတွေ့နိုင်သေးသ၍
ငါ ဘယ်တော့မှ သေဆုံးမယ်မဟုတ်ဖူး

Remember
I'll never leave you
If you will only
Remember me

သတိရပေးပါ
ဘယ်တော့မှ မင်းကို စွန့်ခွါမယ်မဟုတ်ဖူး
မင်းငါ့ကို သတိရနေမယ်
ဆိုမှပါ

Remember
I will still be here
As long as you hold me
In your own memory

Remember
When your dreams have ended
Time can be transcended
I live forever

Remember me
Remember me
Remember me

Wednesday, February 23, 2011

Look at me
I'm not the man I used to be
When she smiles at me
I live the light I used to see
There she goes, and I know
on my own I'm not home
Can't believe she can't see
That she's taking the best part of me

ငါ့ကို ကြည့်ပါအုန်း
အရင်ကအတိုင်း ငါမဟုတ်တော့ဘူးလေ
သူမ ငါ့ကို ပြုံးကြည့်ရင်
အလင်းမှာနေထိုင်ပြီး ငါတွေ့လေ့ရှိခဲ့တယ်
သူမ သွားပြီလေ ငါသိလိုက်ပြီ
ငါ့လမ်းပေါ်မှာပါဘဲ ဒါပေမည့်အိမ်မှာမဟုတ်ဖူးလေ
မယုံနိုင်ဘူး သူမ မမြင်နိုင်ဘူး ဆိုတာကိုလေ
သူမက ငါ့ရဲ့ အကောင်းဆုံးအစိတ်အပိုင်းကို ယူသွားတာကိုလေ

I'm half a man with half a heart
With nothing left to tear apart
Half of me is walking 'round the other half is on the ground
She Mends Me

ငါက တစ်ဝက်တစ်ပျက်လူသားတစ်ယောက်ပါ တစ်ဝက်တစ်ပျက်နှလုံးသားနဲ့လေ
အပိုင်းပိုင်း ဆုပ်ဖြဲလိုက်ဖို့ ဘာမှမကျန်တော့သူပါ
ငါ့ရဲ့တစ်ဝက်သောအစိတ်အပိုင်းက လှည့်ပါတ်နေတယ်
ကျန်တစ်ဝက်ကတော့ မြေပေါ်မှာလေ
သူမ ပြန်ပြင်ဆင်ပေးပါမယ်

What's to see, I had it all in front of me
It's all on me, who lived the name of vanity
There she goes and I know
on my own I'm not home
Can't believe she can't see
That she's taking the best part of me

ဘာကိုကြည့်ရမှာလဲ အားလုံးငါ့ရှေ့မှာရှိနေခဲ့ပြီဘဲ
အဲဒါအားလုံးငါ့ရဲ့အပေါ်မှာလေ ဝင့်ဝါခြင်းဆိုတဲ့အမည်နဲ့နေထိုင်ခဲ့သူလေ
သူမ သွားပြီလေ ငါသိလိုက်ပြီ
ငါ့လမ်းပေါ်မှာပါဘဲ ဒါပေမည့်အိမ်မှာမဟုတ်ဖူးလေ
မယုံနိုင်ဘူး သူမ မမြင်နိုင်ဘူး ဆိုတာကိုလေ
သူမ ကငါ့ရဲ့ အကောင်းဆုံးအစိတ်အပိုင်းကို ယူသွားတာကိုလေ

I'm half a man with half a heart
With nothing left to tear apart
Half of me is walking 'round the other half is on the ground
She Mends Me

ငါက တစ်ဝက်လူသားတစ်ယောက်ပါ တစ်ဝက်နှလုံးသားနဲ့လေ
အပိုင်းပိုင်း ဆုပ်ဖြဲလိုက်ဖို့ဘာမှမကျန်တော့သူလေ
ငါ့ရဲ့တစ်ဝက်သောအစိတ်အပိုင်းက လှည့်ပါတ်နေတယ်
ကျန်တစ်ဝက်ကတော့ မြေပေါ်မှာလေ
သူမ ပြန်ပြင်ဆင်ပေးပါမယ်

Tell me where I am
Nothing else can replace her
How do I go all the way I am

ငါဘယ်မှာလဲ ပြောပါအုန်း
ဘယ်အရာမှ သူမ ကိုအစားထိုးလို့မရဘူးလေ
ကိုယ်ဘယ်လို ရှေ့ဆက်သွားရတော့မှာလဲ

I'm half a man with half a heart
With nothing left to tear apart
Half of me is walking 'round the other half is on the ground
She Mends Me

ငါက တစ်ဝက်တစ်ပျက်လူသားတစ်ယောက်ပါ တစ်ဝက်တစ်ပျက်နှလုံးသားနဲ့လေ
အပိုင်းပိုင်း ဆုပ်ဖြဲလိုက်ဖို့ ဘာမှမကျန်တော့သူပါ
ငါ့ရဲ့တစ်ဝက်သောအစိတ်အပိုင်းက လှည့်ပါတ်နေတယ်
ကျန်တစ်ဝက်ကတော့ မြေပေါ်မှာလေ
သူမ ပြန်ပြင်ဆင်ပေးပါမယ်

Monday, February 21, 2011

မရေနိုင်တဲ့ ကြယ်ကလေးတွေထက် မင်းကိုပိုချစ်တယ်
မဆုံးနိုင်တဲ့ အလွမ်းမိုးစက်တွေကြားမှာ ငါမင်းကိုချစ်တယ်
မိုင်ထောင်ချီတဲ့ မင့်အဝေးတစ်နေရာမှာ ငါမင်းကိုလွမ်းနေတယ်
ဒီငါ့လက်ဖဝါးပြင်က ကျွန်းဘယ်လောက်များများ
ဒီလူတိုင်းပျော်ရွှင်စွာ နေထိုင်တဲ့ကျွန်းလေးမှာ
ဘယ်လောက်ပဲ ငါ အထီးကျန်နေရပစေ မင်းကိုချစ်တယ်
ပို၍ပို၍လွမ်း ပို၍ပို၍ချစ်ပါတယ် ချစ်သူ

Going back to the corner where I first saw you
Gonna camp in my sleeping bag, I'm not gonna move
Got some words on cardboard, got your picture in my hand
Saying if you see this girl can you tell her where I am

မင်းကိုပထမဆုံးတွေ့ခဲ့တဲ့ ထောင့်ချိုးလေးကိုပြန်သွားနေတယ်
အိပ်ရာလိပ်လေးပါတဲ့ တဲတစ်ခုထိုးပြီးရင် ငါရွေ့တော့မှာမဟုတ်ဖူး
ကတ္တူစက္ကူ မှာတစ်ချို့စကားလုံးတွေရှိတယ် မင်းပုံရိပ်လဲ ငါ့ခေါင်းထဲမှာရှိတယ်
ဒီကောင်မလေးကိုတွေ့ရင် ကျွန်တော်ဒီမှာပါလို့ ပြောပေးပါလို့ ရေရွတ်နေမယ်

Some try to hand me money, they don't understand
I'm not broke I'm just a broken hearted man
I know it makes no sense, but what else can I do
How can I move on when I've been in love with you

တစ်ချို့လူတွေကနားမလည်ဘဲ ငါ့ကို ပိုက်ဆံပေးပြီး ကူညီဖို့ကြိုးစားကြတယ်
ကျွန်တော်ပိုက်ဆံပြတ်တာ မဟုတ်ဖူး ကြေကွဲနှလုံးသားရှိတဲ့လူ တစ်ယောက်သက်သက်ပါ
ဒါကိုလုပ်တာ အဓိပ္ပါယ်မဲ့တယ်ဆိုတာငါသိတယ် ဒါပေမည့် တစ်ခြားငါဘာလုပ်နိုင်မှာလဲ
မင်းကိုချစ်နေမှတော့ ငါဘယ်လိုရွေ့လို့ ရတော့မလဲ

'Cause if one day you wake up and find that you're missing me
And your heart starts to wonder where on this earth I could be
Thinking maybe you'll come back here to the place that we'd meet
And you'd see me waiting for you on the corner of the street

တကယ်လို့ တစ်နေ့နေ့မှာမင်း နိုးထလာပြီး ငါ့ကိုလွမ်းနေတာရှာတွေ့ရင်
ဒီကမ္ဘာရဲ့ ငါရှိနိုင်မယ့်နေရာလေးမှာ မင်းနှလုံးသားက စတင်ပြီး အံ့ဩောလာမယ်လေ
တစ်ချိန်က ငါတို့တွေ့ခဲ့တဲ့နေရာလေးကို မင်းပြန်လာမယ်လို့ တွေးနေမိတယ်
နောက်တော့ ဒီလမ်းထောင့် လေးမှာ စောင့်နေတဲ့ငါ့ကို တွေ့ပါလိမ့်မယ်

So I'm not moving
I'm not moving

ဒါကြောင့်ငါမရွေ့တော့တာ
ငါရွေ့မှာမဟုတ်ဖူး

Policeman says son you can't stay here
I said there's someone I'm waiting for if it's a day, a month, a year
Gotta stand my ground even if it rains or snows
If she changes her mind this is the first place she will go

သားမင်းဒီမှာ နေခွင့်မရှိဘူးလို့ ရဲသားကြီးက ဆိုတယ်
ကျွန်တော်တစ်ယောက်ယောက်ကို စောင့်နေတာပါလို့ ပြန်ပြောခဲ့မယ်
ဒါက နေ့ လ နှစ် ရှည်ကြာနိုင်တယ်လို့
မိုးကျကျ နှင်းဖွဲဖွဲ ရပ်မြဲရပ်နေမယ်
ဒီနေရာက သူမပထမဆုံးလာရမယ့် နေရာလို့ သူမစိတ်ပြောင်းမယ်ဆိုရင်ပေါ့

'Cause if one day you wake up and find that you're missing me
And your heart starts to wonder where on this earth I could be
Thinking maybe you'll come back here to the place that we'd meet
And you see me waiting for you on the corner of the street

So I'm not moving
I'm not moving
I'm not moving
I'm not moving

People talk about the guy
Who's waiting on a girl, oh whoa
There are no holes in his shoes
But a big hole in his world

လူတွေကဒီလူ့အကြောင်းကိုပြောကြမယ်
ကောင်မလေးတစ်ယောက်ကို စောင့်နေတယ်လို့
သူ့ဖိနပ်မှာ ဘာအပေါက်မှမရှိဘူး
ဒါပေမည့် သူကမ္ဘာကြီးက အပေါက်ကြီးနဲ့လို့

Maybe I'll get famous as the man who can't be moved
And maybe you won't mean to but you'll see me on the news
And you'll come running to the corner
'Cause you'll know it's just for you

မရွေ့လျှားနိုင်သူအဖြစ်နဲ့ ငါနာမည်ကြီးသွားနိုင်တယ်
နောက်မင်းမရည်ရွယ်ဘဲနဲ့ ငါ့အကြောင်းကို သီတင်းကြေငြာမှာတွေ့နိုင်မယ်
နောက် ဒီထောင့်လေးကို မင်းအပြေးလာမယ်လေ
ငါဟာမင်းအတွက်ပဲ ဆိုတာမင်းသိလာလို့ပေါ့

I'm the man who can't be moved
I'm the man who can't be moved

'Cause if one day you wake up and find that you're missing me
And your heart starts to wonder where on this earth I could be
Thinking maybe you'll come back here to the place that we meet
Oh, you see me waiting for you on a corner of the street

So I'm not moving
('Cause if one day you wake up, find that you're missing me)
I'm not moving
(And your heart starts to wonder where on this earth I could be)
I'm not moving
(Thinking maybe you'll come back here to the place that we'd meet)
I'm not moving
(Oh, you see me waiting for you on a corner of the street)

Going back to the corner where I first saw you
Gonna camp in my sleeping bag, I'm not gonna move

Monday, February 14, 2011

ချစ်သူများနေ့ကို တစ်နှစ်မှာတစ်ရက် သတ်မှတ်ကြတယ်
ဒါပေမည့် ကိုယ့်အတွက် လွမ်းသူများနေ့ကို
ဘာကြောင့် နေ့စဉ်သတ်မှတ် ပေးတာလဲချစ်သူ

ကိုယ့်ဘေးမှာ မင်းမရှိတဲ့
ချစ်သူများနေ့ဟာ
ပင်လယ်ထဲ လှိုင်းထန်
အလွမ်းမိုးရာသီထဲ
မုန်တိုင်းတစ်ခု ဖြတ်သန်းသွားခြင်းဘဲပေါ့

ကျန်ရှိမည့် ကိုယ့်ဘဝ
မင်းနဲ့ထာဝရ အတူရှိခွင့်ဆိုတဲ့ မျှော်လင့်ချက်နဲ့
အသက်ဆက်ရသူ အတွက်
မင်းမရှိတဲ့ ချစ်သူများနေ့ရယ်
မကြားမသိပါရစေနဲ့တော့လားကွာ

Sunday, February 13, 2011

ကဗျာဆရာတစ်ယောက်ကဆိုတယ်
ပေါင်မုန့်တစ်ချပ် ဝိုင်တစ်ခွက်နဲ့
သူ့ချစ်သူလေး အနားမှာရှိရင်
သူဘဝလုံလောက်ပါပြီတဲ့

ကိုယ်ကဆိုမယ်
အချစ်သီချင်းတစ်ပုဒ်နဲ့
အနားမှာမင်းရှိရင် လုံလောက်ပါပြီ
ပေါင်မုန့်စားဖို့ အချိန်မပေးချင်ဘူး
ဝိုင်တစ်ခွက်သောက်ဖို့လဲ ထို့အတူပါဘဲ
ကိုယ့်ရဲ့ချစ်သူ"ချစ်"

သောက၏နောက်ကွယ်


သောက၏နောက်ကွယ်

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေထိုင်စဉ် အခါက ဖြစ်သည်။ ဒကာတစ်ယောက်သည် မိမိ၏ အိမ်ထောင်ရေးကိစ္စ အဆင်မပြေသဖြင့် စိတ်ဆင်းရဲ ကာ ဇေတ၀န်ကျောင်းသို့ ရောက်သွားလေသည်။
ထိုဒကာ၏ ကယ်တင်လိုသော ဗုဒ္ဓက…..

“တဏှာယ ဇာယတေသောကော၊
တဏှာယ ဇာယတေ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကော ကုတောဘယံ။”

“ဒကာ၊ ချစ်ခင်စွဲလမ်းမှု တဏှာကြောင့်သာ စိုးရိမ်ပူဆွေးငိုကြွေးရတဲ့ သောကဆိုတာဖြစ်တာ၊ ဘေးဆိုတာဖြစ်တာ၊ စွဲလမ်းခြင်းတဏှာမှ ကင်းလွတ်သူအား သောကရော၊ ဘေးရော မရှိတော့” ဟု ဟောကြာလိုက်သည်။

ထိုဒကာကား ဘုရားရှေ့မှာမို့သာ အားနာ၍ နာလိုက် ရသည်။ ထိုတရားတော်ကိုကား လုံးလုံးစိတ်မကျလှ။ ထို့ကြောင့် တရားနာပြီး မြို့ထဲထွက်လာ သည်နှင့် ဗုဒ္ဓ၀ါဒကို ဝေဖန်ကာ သူ့ဝါဒကို တင်ပြလေသည်။ ချစ်ခင်စွဲလမ်းမှု့ရှိလျှင် သောကတို့၊ ဘေးတို့ဖြစ်သည်ဟု မြတ်စွာဘုရား ဟောကြားသည်မှာ မဖြစ်နိုင်။ လူ့ဘ၀သည် ချစ်ခင်စွဲ လမ်းမှု လောဘရှိမှသာလျှင် ပျော်မွေ့ဖွယ်ကောင်း၏။ နေချင်ဖွယ်ကောင်း၏။

ချစ်ခင်စွဲလမ်းမှုကြောင့် စိတ်ချမ်းသာစရာများသာရှိ၏ဟု ပြောကြားရာ တရားမရှိသူများကား ထိုသူ၏၀ါဒကို သဘောကျနှစ်သက်လေသည်။ တရားရှိသူ အတွေးအခေါ်ရှိသူများကား ဗုဒ္ဓ၀ါဒကို သဘောကျ၏။ ထိုဝါဒနှစ်ခုသည် သာဝတ္ထိမြို့ထဲတွင် အတော်ပျံ့နှံ့သွားရာ နောက်ဆုံး သာဝတ္ထိမြို့ရှိ နန်းတော်ထဲထိ ရောက်သွားကာ။ ဘုရင်ကောသလမင်းကပါ ထိုသူ၏၀ါဒ အယူအဆကို ကြိုက်နှစ်သက်သွားလေသည်။

ကောသလမင်းလည်း သူကြိုက်သလို အတွေးအခေါ်ရှိသော မိဖုရားမလ္လိကာလဲ လိုက်ကြိုက် လိမ့်မည် ဟူသော အထင်ဖြင့် သူ့ဘက်က ရှိ, မရှိမေးကြည့်လေသည်။ မလ္လိကာ မြို့ထဲမှာ ချစ်ခင်စွဲလမ်းမှုရှိရင် သောကတို့ဘေးတို့ ဖြစ်တယ်ဆိုတဲ့ ဗုဒ္ဓ၀ါဒနဲ့၊ ချစ်ခင်စွဲလမ်းမှုရှိမှ စိတ်ချမ်းသာတယ်၊ ဘ၀ဟာနေပျော်စရာကောင်းတယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ရဲ့ ၀ါဒနှစ်ခုပေါ်နေတယ်။ ငါကိုယ်တော်မြတ်ကတော့ ချစ်ခင်စွဲလမ်းမှုလေးရှိမှ လောကဟာ နေပျော်တယ်။ စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတဲ့ ၀ါဒကိုပဲကြိုက်တယ်။ သင်မိဖုရားကရော ဘယ်ဝါဒကို ကြိုက်နှစ်သက်ပါသလဲ? ထိုအခါ အတွေးခေါ်ရှိသော မလ္လိကာက

မင်းကြီး…..လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးမှ သိမြင်လာတဲ့ သဗ္ဗညုတ ဉာဏ်တော်နဲ့ ဟောထားတဲ့ တရားဆိုတာ ဘယ်တော့မှ မှားယွင်းသွားတယ်ဆိုတာ မရှိပါဘူး။ ဘုရားကျွန်တော်မျိုးမကတော့ ဗုဒ္ဓ၀ါဒကိုပဲ နှစ်သက်ပါတယ်ဟု လျှောက်လေ၏။ မယားက သူ့ဘက်မပါသောအခါ ကောသလမင်းကြီးသည် မျက်နှာညိုကာ စက်ခန်းဆောင်ထဲ ၀င်သွားလေတော့သည်။ ဘုရင်အလိုမကျသည်ကို သိသောမလ္လိကာက မင်းချင်းယောက်ျား ကိုခေါ်ကာ “တဏှာယဇာယတေသောကော” စသော ဒေသနာ၏အကျယ်ကို လျှောက်ထား မေးမြန်းနာယူရန် လွှတ်လိုက်၏။ မလ္လိကာသည် ဒေသနာကို အကျယ်ပြန့်နာပြီးသောအခါကျမှ တစ်ညမင်းကြီးစိတ်ကြည်သာနေသောအချိန်တွင်…..

“မင်းကြီး ချစ်ခင်စွဲလမ်းမှုကြောင့် စိတ်ဆင်းရဲမှုဖြစ်သလား၊ စိတ်ချမ်းသာမှုဖြစ်သလားဆိုတာ သိရအောင် သင်မင်းကြီးကို မေးကြည့်ချင်ပါတယ်။ သင်မင်းကြီးစိတ်ထဲရှိတဲ့အတိုင်း ဖြေပါ။ သင်မင်ကြီးဟာ ကျွန်တော်မျိုးမကို ချစ်ခင်ပါသလား”
“ ချစ်ခင်လွန်းလို့ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ထားတာပေါ့”
အကယ်၍ အသင်မင်းကြီးချစ်ခင်တဲ့ ကျွန်တော်မျိုးမဟာ ရုတ်တရက် သေသွားမယ်ဆိုရင် မင်းကြီး စိတ်ချမ်းသာမလား စိတ်ဆင်းရဲမလား။

အို…… ဘယ်မှာလာပြီး စိတ်ချမ်းသာပါ့မလဲ၊ မအိပ်နိုင် မစားနိုင်လောက်အောင် စိတ်ဆင်းရဲ ရမှာ အမှန်ပါ။ အို…………မင်းကြီး စဉ်းစား၍ဖြေပါလော့၊ အရင်မင်းကြီးယူထားသည်က ချစ်ခင် စွဲလမ်းမှုကြောင့် စိတ်ချမ်းသာသည်၊ နေပျော်သည်ဟု ထင်သည်မဟုတ်ပါလား၊ ယခု သင်မင်းကြီးထင်သလို မဟုတ်တော့ပဲ စိတ်ဆင်းရဲမှု၊ ကိုယ်ဆင်းရဲမှုကိုသာ တွေ့ရသည် မဟုတ်ပါလော။

ကောသလမင်းကြီးသည် ချစ်ခင်စွဲလမ်းသော သားများ၊ သမီးများ၊ နန်းတော်ကြီးများကို ရှေးနည်းအတိုင်းပင် မေးရာ မင်းကြီးသည် နောက်ဆုံးတွင် နားလည်သဘောပေါက် လက်ခံ သွားလေသည်။ စဉ်းစားကြည့်ပါ… အကယ်၍ မိမိအိမ်ရှေ့မှ အသုဘတစ်ခု ဖြစ်ချသွားမည်။ သေသူသည် မိမိနှင့်မသိသူဆိုလျှင် စိတ်ထဲတွင် ဘာသောကမှမဖြစ်။ အဘယ့်ကြောင့် သောကမဖြစ်သနည်း။ သေသူအပေါ်တွင် ချစ်ခင်စွဲလမ်းမှုမရှိ သောကြောင့်ပါတည်း။

တစ်ဖန်သေသူသည် မိမိဆွေမျိုးသားချင်း မိတ်ဆွေတစ်ယောက်ယောက် ဖြစ်မည်ဆိုလျှင် သောကပရိဒေ၀ဖြစ်ရပြီ။ အဘယ့်ကြောင့်ဖြစ်ရသနည်း၊ သေသူအပေါ် ချစ်ခင်စွဲလမ်းမှု့ ရှိနေသောကြောင့်ပါတည်း။ ထို့ကြောင့် ချစ်ခင်စွဲလမ်းမှုရှိသူအား စိတ်ဆင်းရဲမှုသာ ဖြစ်ရသည်။ စိတ်ချမ်းသာမှုကား မဖြစ်နိုင်ပေ။….


သောကမှကင်းဝေးနိုင်ကြပါစေ…….

မြန်မာတို့၏ အသက်-မေတ္တာရှင် စာအုပ်မှ ထုက်နုတ်ဖော်ပြသည်။
--
အရည်အသွေး .......မပြည့်သေးခင်
ကလေးကလှောင် ...ခွေးကဟောင်မည်
အမောင်ဒီအတွက် ...စိတ်မပျက်နဲ့
ရှေ့ဆက်ကြိုးကုတ် ...အလုပ်လုပ်ပါ...။ ။
Thanks to Barnay barnay.87@googlemail.com for sharing this email...

Wednesday, February 09, 2011

ညလေး..မှောင်မည်း
တိမ်ညိုတွေကြား အလင်းပျောက်ကွယ်…အို….
ဒီလိုညမျိုး အိပ်လို့ပျော်အောင်
လာပြီး…..ဘယ်သူကများနှစ်သိမ့်မလဲ
မင်းကို…ငါတကယ်မမေ့သေးဘူး
လမ်းတစ်ဖက်ကြည့်ရင်း…အတိတ်တို့ထွက်ပြေး
ကြိုးစားမေ့တောင်….ငါမေ့မရပါ
အိပ်မက်လေးမက်ရုံနဲ့….ငါကြေကွဲတတ်ပြီပဲ
အရာရာ အရင်တိုင်း ငါဟာ…မမေ့နိုင်ဘူး
ဘယ်သူမှမရှိဘူး သန်းခေါင်ယံအောက် ငါ့တစ်ယောက်တည်း
အချစ်ရယ်………သိမ်ငယ်ကြေကွဲငါ့စိတ်တွေဟာ လောင်ကျွမ်း
ဘယ်လိုပြန်ငြိမ်းသတ်ရမလဲ…….အို မင်းပြောပါ
လွယ်လွယ်ထွက်မသွားနဲ့
လမ်းတစ်ဖက်ကြည့်ရင်း….အချစ်များတမ်းတရင်း
ဒို့ခဏလောက်သာ ဆုံခွင့်ရရင်
ဒီလိုအိပ်မက်များနဲ့……ငါမကြေကွဲရပါစေနဲ့
ဘာမဆို အရင်အတိုင်း…..ငါဟာ မမေ့နိုင်ဘူး
အားလုံး… မမေ့နိုင်ခြင်းများ
အားလုံး…အရာရာ အားလုံး..အိုး…
ပြန်မရရှိတော့တဲ့ ဟိုတုန်းကအချစ်နဲ့
ပျော်ရွှင်စရာငါ့ဘဝ နင်ယူသွား
အိပ်မက်လေးမက်ရုံနဲ့….ငါကြေကွဲရပြီပဲ
ဘာမဆို အရင်အတိုင်း…ငါဟာ မမေ့နိုင်ဘူး
ငါတကယ်ကို မမေ့သေးဘူး
ငါဟာ မမေ့နိုင်ဘူး………..
တစ်ချိန်မှာ ပြုံး
တစ်ချိန်မှာ မော်
တစ်ချိန်မှာ ဒေါသော
တစ်ချိန်မှာ မာကြော
အတ္တမောင်းနှင်
ဒီမျက်နှာဖုံးကို
အစဉ် ပြုံးမေတ္တာ
တည်ကြည်နှလုံး
အနိုင်အရှုံးမဖက်
မေတ္တာမောင်းနှင်
မတုန်လှုပ်နှလုံးသားနဲ့
ရင်ဆိုင်ပါလေ
ငါ့ချစ်ညီမလေး

Monday, February 07, 2011

မငိုပါနဲ့ ချစ်ရယ်
ထာဝရချစ်တဲ့
ကိုယ့်အချစ်တွေနဲ့
ပျော်ရွှင်ပါနော်

မလွမ်းပါနဲ့ ချစ်ရယ်
ထာဝရချစ်တဲ့
ကိုယ့်အချစ်တွေနဲ့
အလွမ်းရဲ့အဝေး
နေထိုင်ပါနော်

Thursday, February 03, 2011

Cry

You said, goodbye, I fell apart, I fell from all we had
To I never knew, I needed you so bad
You need to let things go, I know you told me so
I've been through Hell to break the spell

နှုတ်ဆက်တယ်လို့ မင်းပြောခဲ့တယ် ငါပြုတ်ကျခဲ့တယ် ငါတို့ရှိခဲ့ဖူးတာတွေကနေ ငါပြုတ်ကျခဲ့တယ်
ငါဘယ်တော့မှ မသိခဲ့တော့ဖို့ တော်တော်ဆိုးဆိုးရွားရွား မင်းကိုလိုအပ်ခဲ့တယ်
မင်းစွန့်လွှတ်ဖို့လိုတယ်လို့ မင်းပြောခဲ့မယ်ဆိုတာငါသိတယ်
ကျိန်စာတွေကို ချိုးဖျက်ဖို့ ငရဲကို ဖြတ်သန်းနေခဲ့တယ်

Why did I ever let you slip away?
Can't stand another day without you
Without the feeling, I once knew

ဘယ်တော့မှမင်းကို အဝေးမထွက်သွားစေတာလဲ
မင်းမရှိတဲ့ နောက်ရက်တွေကို မရပ်တည်နိုင်ပါဘူး
ငါသိခဲ့တယ် ခံစားမှုမဲ့နေတယ်

I cry silently
I cry inside of me
I cry hopelessly
'Cause I know I'll never breathe your love again

တိတ်တိတ်လေးငါငိုကြွေးနေတယ်
ငါ့ရဲ့အတွင်းပိုင်းမှာ ငါငိုကြွေးနေတယ်
မျှော်လင့်ချက်မဲ့စွာ ငါငိုကြွေးနေတယ်
မင်းအချစ်ကို နောက်တစ်ဖန် ဘယ်တော့မှ ရှုရှိုက်လို့ရတော့မယ် မဟုတ်တော့လို့

(I cry)
'Cause you're not here with me
'Cause I'm lonely as can be
(I cry hopelessly)
'Cause I know I'll never breathe your love again

ငါငိုကြွေးနေတယ်
ငါ့အနားမင်းမရှိနေလို့
တစ်ယောက်ထဲ အထီးကျန်နေလို့
မျှော်လင့်ချက်မဲ့စွာ ငါငိုကြွေးနေတယ်
မင်းအချစ်ကို နောက်တစ်ဖန် ဘယ်တော့မှ ရှုရှိုက်လို့ရတော့မယ် မဟုတ်တော့လို့

If you could see me now
You would know just how
How hard I try
Not to wonder why

မင်းငါ့ကိုတွေ့နိုင်ရင်
ဘယ်လိုဆိုတာလေး သိမှာပါ
ငါဘယ်လို ခက်ခက်ခဲခဲ ကြိုးစားသလဲ
ဘာကြောင့်လဲဆိုတာ မအံ့ဩလောက်တော့ပါဘူး

I wish, I could believe in something new
Oh please, somebody tell me it's not true
(Oh, girl)
I'll never be over you

ငါမျှော်လင့်တယ် တစ်စုံတစ်ခုသောအသစ်ကို ငါယုံကြည်တယ်
အဲဒါမမှန်ဖူးလို့ တစ်စုံတစ်ယောက်ရယ် ကျေးဇူးပြု၍ ငါ့ကိုပြောပေးပါလား
မိန်းကလေးရေ
ငါဘယ်တော့မှ မင်းကိုကျော်လွန်မယ်မဟုတ်ပါ

Why did I ever let you slip away?
Can't stand another day without you
Without the feeling, I once knew

ဘယ်တော့မှမင်းကို အဝေးမထွက်သွားစေတာလဲ
မင်းမရှိတဲ့ နောက်ရက်တွေကို မရပ်တည်နိုင်ပါဘူး
ငါသိခဲ့တယ် ခံစားမှုမဲ့နေတယ်

I cry silently
I cry inside of me
I cry hopelessly
'Cause I know I'll never breathe your love again

ငါငိုကြွေးနေတယ်
ငါ့အနားမင်းမရှိနေလို့
တစ်ယောက်ထဲ အထီးကျန်နေလို့
မျှော်လင့်ချက်မဲ့စွာ ငါငိုကြွေးနေတယ်
မင်းအချစ်ကို နောက်တစ်ဖန် ဘယ်တော့မှ ရှုရှိုက်လို့ရတော့မယ် မဟုတ်တော့လို့

(I cry)
'Cause you're not here with me
'Cause I'm lonely as can be, yeah
(I cry hopelessly)
'Cause I know I'll never breathe your love again, yeah

ငါငိုကြွေးနေတယ်
ငါ့အနားမင်းမရှိနေလို့
တစ်ယောက်ထဲ အထီးကျန်နေလို့
မျှော်လင့်ချက်မဲ့စွာ ငါငိုကြွေးနေတယ်
မင်းအချစ်ကို နောက်တစ်ဖန် ဘယ်တော့မှ ရှုရှိုက်လို့ရတော့မယ် မဟုတ်တော့လို့

If I could have you back tomorrow
If I could lose the pain and sorrow
I would do just anything
To make you see, still love me

မင်းကိုမနက်ဖြန်မှာ ပြန်ရရင်
နာကျင်မှုနဲ့ဝမ်းနဲရတာတွေ ကိုဆုံးရှုံးရရင်
ဘာမဆိုငါလုပ်လိုက်မှာပါ
မင်းငါ့ကို ချစ်နေသေးတယ်ဆိုတာကိုတွေ့ရဖို့

Ohh
'Cause I know I'll never breathe your love again

မင်းအချစ်ကို နောက်တစ်ဖန် ဘယ်တော့မှ ရှုရှိုက်လို့ရတော့မယ် မဟုတ်တော့လို့

I cry silently
I cry inside of me
I cry hopelessly
'Cause I'll never no, no never breathe your love again

ငါငိုကြွေးနေတယ်
ငါ့အနားမင်းမရှိနေလို့
တစ်ယောက်ထဲ အထီးကျန်နေလို့
မျှော်လင့်ချက်မဲ့စွာ ငါငိုကြွေးနေတယ်
မင်းအချစ်ကို နောက်တစ်ဖန် ဘယ်တော့မှ ရှုရှိုက်လို့ရတော့မယ် မဟုတ်တော့လို့

(I cry)
'Cause you're not here with me
(I cry)
'Cause I'm lonely as can be, yeah
(I cry)
'Cause I know I'll never breathe your love
(No I'll never)
Breathe your love again

Reject

yes i'm reject cos i'm not a perfect man for u....
သိပါရဲ့လားချစ်သူ မင်းတို့မင်္ဂလာဆောင်မှာ
မင်းတို့ သူတို့သား သူတို့သမီးအပြင်
ဒီကမ္ဘာပေါ်မှာ ဒွိကို ရင်ထဲမှာ အတင်းသွပ်သွင်းခံတစ်ယောက်ရှိမယ်လေ
တစ်ချိန်က မင်းပြောဖူးတဲ့ မင်းရဲ့အချစ်ဆုံး ဆိုသူပဲပေါ့

မင်းဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး လို့ သူ သူ့ကိုယ်သူအကြိမ်ကြိမ်ပြန်
ငိုတခါ ရီတစ်လှည့် သူတတွတ်တွတ်ရွတ်ဆိုနေတာကို ဘေးလူက
အရူးတစ်ယောက်များလားလို့ ပြောမှာ အသေအချာပဲပေါ့

သူ့ကမ္ဘာမှာသူ မရူးပါဘူးချစ်သူ
သူ့က အချစ်သူရဲကောင်းတစ်ယောက်ပါ
အချစ်ဝင်္ကပါ ကသူ့ရဲ့အားနည်းချက်လို့ လူတိုင်းဆိုလိမ့်မယ်
ဒါပေမည့်သူသိနားလည်တယ် ဒါဟာသဘာဝ သက်သက်ပါပဲလို့
နေဝင်နေထွက် ငှက်ကလေးတေးဆိုထက် ပိုမထူးစမ်းပါလို့ သူနားလည်ပါမယ်
မင်းထွန်းညှိပေးခဲ့တဲ့ အလင်းနဲ့သူဘယ်တော့မှ အိမ်အပြန်လမ်း ပျောက်လိမ့်မယ် မဟုတ်လို့ပဲပေါ့

Wednesday, February 02, 2011

ငါ့ရဲ့နတ်သမီးလေး
မွေးနေ့မှာ
ပျော်ရွှင်ကြည်နူးပါစေ
ငါ့ရဲ့ ဘုရင်မလေး
မွေးနေ့မှာ
အကျွန့်အချစ်များဖြင့်
ပျော်ရွှင်ကြည်နူးပါစေ
အဝေးရောက်
အလွမ်းရဲ့ထာဝရအကျဉ်းသား
နှုတ်ခွန်းဆက်သပါတယ်
ငါ့ရဲ့နတ်သမီးလေးချစ်

Happy Birthaday For Chit

Happy Birthday ပါ ချစ်ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးလာပြီနော်
ဒီလိုပဲ ကိုယ့်အချစ်တွေကလဲ ကြီးပြီးရင်းကြီးပါကွာ
ဒီလိုပဲ မင်းပေးထားတဲ့ အလွမ်းတွေကလဲ same o same o.
ကိုယ်တို့တွေတစ်နှစ်မှာ တစ်ရက်ကို မွေးနေ့လို့ သတ်မှတ်ပါတယ်
ဒါပေမည့် တရားတော်အရ အချိန်တိုင်းဟာ မွေးနေ့ပါပဲ
နှစ်စဉ်မွေးနေ့တိုင်းကို ကောင်းမှုလုပ်ပြီး ဖြတ်သန်းသလို အမြဲမွေးနေ့များကိုလဲ ဗုဒ္ဓတရားတော်တွေနဲ့အတူ
ကောင်းမှုများစွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ကိုယ့်ရင်ထဲကနေ ချစ်မွေးနေ့ အတွက် ဆုတောင်းပါတယ်ချစ်
ကို