Wednesday, April 27, 2011

i am fine ချစ်
everything is ok..

အရေးမကြီးတဲ့အရာလေးတွေကလွဲလို့ပေါ့

ဇာတ်သိမ်းမကောင်းတဲ့သီချင်း အကြိမ်ကြိမ် နားထောင်စဉ်မှာဘဲ
မသေချာတဲ့ အဆုံးသတ်မှာ
တို့နှစ်ယောက်ပျော်ရွှင်ကြည်နူးရမယ် ဆိုတာရင်ထဲအမြဲရှိတယ်

ရင်ဘက်ထဲ တဆစ်ဆစ် နာကျင်နေတာက
သွားတွေကျိန်းလောက်အောင်
အံကိုကြိတ်မိစေတယ်
ရတယ် ဘာမှမဖြစ်ဖူး
အဆုံးစွန် နာကျင်စမ်းပါ
မကျေနပ်လို့ မင်းထွက်သွားမဲ့ တစ်နေ့မှာ
ငါ့ကို တစ်ပါတည်းခေါ်သွားပါ

don't worry for me ချစ်
your love, ko, is everything ok....

Monday, April 25, 2011

မင်းမရှိတဲ့နေရာမှာ
မင်းပုံရိပ်တွေ အပြည့်ဘဲလေ
နှလုံးသားက ပုံရိပ်ကို
ပုံရိပ်အနေနဲ့ဘဲ
အသိအမှတ်ပြုတယ်
ဒါက အလွမ်းရဲ့ မြစ်ဖျားခံရာပေါ့

မြစ်လယ်မှာ လှေငယ်လေး မျောလွင့်နေတယ်
အလွမ်းပင်လယ်မှာ မျောလွင့်နေသူအတွက်
ဒါက မထူးစမ်းဖူးလေ
ကောင်းကင်မှာ တိမ်တိုက်တွေ ခြေဦးတည့်ရာဘဲ
အလွမ်းကွင်းပြင်မှာ ကိုယ့်စိတ်တွေ တည်ရာမဲ့ဘဲပေါ့

နာရီတွေ တစ်ချက်ချက်
နေ့ရက်တွေ တစ်ဖြုတ်ဖြုတ်ပဲ့ကြွေကုန်တယ်
မသေချာတဲ့ အနာဂါတ်တစ်ခုအတွက်
နာကျင်စွာ မျောပါသွားခဲ့ရဆဲ

Thursday, April 14, 2011

ကောင်းကင်ကငို
ဘာလို့ဆို
ကြယ်စင်တွေကြွေ
အသေအချာဘဲလေ

ဥယျာဉ်မှူးငို
ဘာလို့ဆို
ပန်းတွေကကြွေ
အသေအချာဘဲလေ

ငါကလဲငို
ဘာလို့ဆို
အလွမ်း ညတာရှည်
အသေအချာဘဲလေ
အို ချစ်ဘုရင်ရေ
ပန်းပိတောက်
နွမ်းခြောက်ကာ
ဝိဉာဏ်မဲ့

လမ်းတစ်လျှောက်
လှမ်းလျှောက်ကာ လမ်းပျောက်သူ
ငါ့အတွက်
လှမ်းကောက်စရာ
ဝိဉာဏ်မဲ့
ပန်းပိတောက် တွေနဲ့
နွမ်းခြောက်ခြောက်
ပဲ့ကြွေနေတဲ့
ငါ့နှလုံးသားဘဲပေါ့ ချစ်
နှစ်သစ်တစ်ခု ကူးပြောင်းပြန်ပြီ ချစ်
နှစ်ကူးပေမည့် အချစ်သစ်ကို
ကိုယ် မကူးပြောင်းပါဘူးနော်
ချစ်လေး မင်းရော

လတခူး နှစ်ဦးရယ်
အချစ်ရူး ငါ့ကို
အချစ်ဦး ချစ်နဲ့
တွေ့ဆုံခွင့် ပေးပါတော့လားကွာ

Saturday, April 09, 2011

ကဲ .. ကိုယ်ကိုယ်တိုင် ပန်းပိတောက်တွေကြားမှာ သွားယောက် ခူးဆွတ်နေတယ်လို့ စိတ်ထဲ
ခံစားပြီးမှ ကြည့်ပါ ။ ပန်းပိတောက်တွေက လန်းဆန်းတဲ့ အပြုံးတွေနဲ့ သင့်ရင်ကို ကူးစက်သွားပါစေမယ်
နှစ်ကူးအချိန် နွေမှာပွင့်တဲ့ ပန်းပိတောက်က သင့်စိတ်ကို အသစ်တဖန် လန်းသစ်ပါစေလို့ အတာကူမဲ့ တန်ခူး လက်ဆောင်
ပိတောက်ပန်းနဲ့အတူ ဟစ်ကျူး လိုက်ပါရစေ ......
ရေလိုအေးလို့ ပန်းပိတောက်လို ချမ်းမြေ့ပါစေ ....




credit to Barnay