Tuesday, May 31, 2011

ကဗျာတွေ ငိုနေလေရဲ့
စုတ်ချက်မဲ့ ပန်းချီကား တစ်ချပ်ကြောင့်လေ
ကာရံတွေ ခွေယိုင်နေခဲ့
ဖွေရှာခက် လမ်းတစ်သွယ်ကြောင့်လေ

အေးစက်စက် ငါ ရှင်သန်
ဒီကဗျာငိုတွေကြား
အဆွေးသက်သက် ထင်ကျန်
အတွေးမဲ့ မင်း အပြုအမူတွေကြား
အကြွင်းမဲ့ ဆက်လက်ရှင်သန်
နောင်တမဲ့ ငါ့အချစ်များ

အလင်းတစ်ခုရဲ့ အခြွေအရံ
အစမ်းသပ်ခံ သစ္စာတရား
မပွန်းပဲ့စေရန် တိုင်တည်မယ်
ဒီသံသရာအား

Saturday, May 21, 2011

Never thought you'd go, Oh oh my love.
You told me, you would always be mine.
Sometimes, looking back.
I see how happy we were back in time.

Always thought you'd be there, where could you go.
You were mine my number one. I'll wait all my life.
I'm gonna love you till the day I die.

All this time, waiting for my love to come back.
All this time, wondering why my love had to go.
If you love me tell me, I just wanna know.
Don't let me cry without you in my life

Gotta have you more, each passing day.

Such a mess, since you went away. See you by my side.
I'm gonna love you till the end of time.

Always thought you'd be mine, to have and to hold.
Said you'd never let me go. Oh love of my life.
I'm gonna love you till the day I die.

All this time, waiting for my love to come back.
All this time, wondering why my love had to go.
Someday you'll be with me oh I love you so.
You'll hold me tight and never say goodbye.
ဒီနေ့ ၂၁၊၀၅၊၂၀၁၁ မင်္ဂလာဆောင်မှာပျော်ရွှင်ပါစေချစ်
သာယာပျော်ရွှင်တဲ့ မိသားစုဘဝတစ်ခုတည်ဆောက်နိုင်ပါစေချစ်
ထာဝရပျော်ရွှင်ပါစေချစ်...
ကို

Monday, May 16, 2011

သူ့အတွက်
သူရှိရင်ပျော်
သူ့အနားနေချင်
သူ့ရဲ့အဝေး
သူ့ကိုလွမ်းဆွေး
သူကထားခဲ့
သူပျော်ရွှင်တော့
သူ့အတွက်
ကျေနပ်ပေးရမှာဘဲပေါ့...

Wednesday, May 11, 2011

ရသေးတယ်ချစ်
နှလုံးသား ဖျားနာနေတယ်
သမားတော် မင်း မကုသပေးဘူးလေ
လူနာတွေက အများသားကလား

အဖော်အဖြစ်
အကောင်းဆုံး မှတ်ဉာဏ်နဲ့ ဦးနှောက်တစ်ခုကျန်သေးတယ်
သူ နာမကျန်းတဲ့ နှလုံးသားကို
သေချာစွာ မင်းကိုယ်စား ဖြေသိမ့်ပေးမှာပါ
အတိတ်က မှတ်သားထားတဲ့ မင်းပုံရိပ်တွေနဲ့ဘဲပေါ့
ဒါပေမည့် အကောင်းဆုံး မင်းလောက်တော့ ကုစားပေးနိုင်မှာမဟုတ်ပါဘူး

သူပြောတာတိုးတိုးလေး ကြားလိုက်ရသလိုဘဲ
နှလုံးသားက သူ့ဈာပနာအမှီတော့ မင်းလာမယ်
မင်းလာကို လာမှာပါတဲ့လေ...

Tuesday, May 10, 2011

အရုပ်ဟောင်းလေး...

ကိုယ်က မင်းအတွက်တော့ အရုပ်ဟောင်းလေးပါ
အင်းဟုတ်မယ် ဖုံတွေတက်လောက်အောင်
ချောင်တစ်နေရာမှာ မင်းစွန့်ပြစ်ခဲ့တယ်လေ

ပျော်ရွှင်နေပါချစ်သူ
မလိုအပ်ပါဘူးလေ ဒါကိုပြောဖို့ကိုလဲ
အင်းဟုတ်တယ် အရုပ်သစ်လေးနဲ့ ဆိုတော့
မင်းပိုပျော်မှာပါလေ

တစ်ချိန်က မင်းရဲ့အရုပ်သစ်လေး ဖြစ်ဖူးခွင့်ရတဲ့အတွက်
မင်း မသိ မကြားလဲ အရုပ်ဟောင်းလေးက
မင်းပျော်ရွှင်ပါစေဆိုတဲ့
သီချင်းတစ်ပုဒ်နဲ့
မျက်ရည်ကြားက
တတွတ်တွတ် ရွတ်ဆိုနေမှာပါလေ...

Wednesday, May 04, 2011

miss u much chit....

ချစ် မင်းမသိဘူး ကိုယ်မင်းကို ဘယ်လောက်လွမ်းသလဲဆိုတာ
ချစ် မင်းမသိဘူး ကိုယ်မင်းကို ဘယ်လောက်ချစ်သလဲဆိုတာ
မသိလဲရပါတယ်ချစ် ကိုယ်ကျေနပ်နေမှာပါ
ko

Tuesday, May 03, 2011

Making Love Out Of Nothing

မင်းမှာစာနာတတ်တဲ့  နှလုံးသား တစ်ခုရှိနေခဲ့ ရင်
ကြင်နာတတ်တဲ့  နှလုံးသား တစ်ခုရှိနေခဲ့ ရင်
ချစ်တတ်တဲ့ နှလုံးသား တစ်ခုရှိနေခဲ့ရင်
အချစ်ဆိုတာ
သတ္တိရှိခြင်း
ရိုးသားခြင်း
ဖြူစင်ခြင်း
ယုံကြည်ခြင်း
တည်ကြည် ပြတ်သားခြင်း
အပြည့်အဝ နားလည်ခြင်း
ပေးဆပ်ခြင်း
အရာရာစွန့်လွှတ်ပေးနိုင်ခြင်း
တွေအလိုလိုရှိနေမှာ မြေကြီးလက်ခက်မလွဲပါ ချစ်သူ
ဒါပေမည့် အချစ်ဆိုတာ မရှိခဲ့ရင်တော့လဲလေ
အဲဒီအရာတွေ ဘယ်မှာမှရှာမနေပါနဲ့
မင်း အချည်းအနှီး ပင်ပမ်းရုံပါ...

Air Supply; Making Love Out Of Nothing

မင်းမရှိတဲ့နေရာ...