Wednesday, December 28, 2011

ခရီးသည်

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းဆိုရင်
မင်းနဲ့ငါဟာ မခွဲအတူ ဆွယ်တော်ရွက်လေး တစ်ရွက်ဘဲပေါ့
အချစ်ဆိုတာ စွန့်လွှတ်ပေးဆပ် ခွဲခွါပေးရခြင်းဆိုရင်
∞ အလွန်တစ်မှတ်တိုင်အထိ မင်းနဲ့ငါရှိနေဖို့ ငါတစ်ကိုယ်တည်း ခရီးထွက်ပေးမှာပါ
.....ဒါပေမည့် တကယ်တန်း အချစ်ဆိုတဲ့အရာက.....
တကယ်တော့ ငါဟာ သုညတ နဲ့∞ ကြား လူးလာခေါက်ပြန် ခရီးသည်တစ်ဦးပါဘဲ...

Friday, December 23, 2011

နေရဲ့ပုံရိပ်
ဟုတ်တယ် ဒါက တွေရဲ့ သာမာန်လျှောက်ရိုးလမ်းတစ်သွယ်ပါဘဲ
သူဘယ်တော့မှ မတိမ်းစောင်းခဲ့ဖူးဖူး
သူဘယ်တော့မှလဲ တိမ်းစောင်းမနေဘူး
ဒီလိုဘဲ သူဘယ်တော့မှလဲ ယိမ်းယိုင်မယ်မဟုတ်ပေဖူး..

သူ့မှာ မနှစ်လိုဖွယ် အဆိပ်တွေရှိမယ်
ဒါပေမည့် နောက်ဆုံး အဖြစ်နိုင်ဆုံးက
ဒါဟာသူ့အတွက် တစ်ခုတည်းသော ဖြေဆေးသက်သက်မျှပါဘဲ..
ဒါက တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကန္တာရမှာ ပုံမှန် ရှင်သန်နေရခြင်းရဲ့...မနက်ဖြန်များဘဲပေါ့...

Saturday, December 17, 2011

I got the call today, I didn't wanna hear
But I knew that it would come
An old true friend of ours was talkin' on the phone
She said you found someone
And I thought of all the bad luck,
And the struggles we went through
And how I lost me and you lost you
What are these voices outside love's open door
Make us throw off our contentment
And beg for something more?

မကြားချင်ခဲ့တဲ့ ဖုန်းcall တစ်ခု ဒီနေ့ရခဲ့တယ်လေ
ဒါပေမည့် ဒါတစ်နေ့နေ့ဖြစ်လာမယ်လို့ ကြိုသိပြီးသားပါ
ကိုယ်တို့ရဲ့ သူငယ်ချင်းကဖုန်းထဲကနေပြောပြခဲ့တယ်လေ
မင်းနောက်တစ်ယောက်တွေ့သွားခဲ့ပြီတဲ့
ဒီတော့ ကံမကောင်းခဲ့မှုတွေအားလုံးကို ကိုယ်တွေးနေမိတယ်
နောက်ကိုယ်တို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရမှုတွေရော
နောက်ကိုယ်ကိုယ်တိုင်ပျောက်ဆုံးသွားပုံတွေ မင်းကိုယ်တိုင်ပျောက်ဆုံးသွားပုံတွေရောပေါ့
ဘယ်လို စကားလုံးတွေက ကိုယ်တို့ရဲ့ ပျော်ရွှင်ကျေနပ်မှုတွေ
အချစ်တံခါးချပ်ရဲ့ အပြင်ဘက်တစ်နေရာကို ထွက်ခွါသွားအောင်လုပ်သလဲ
နောက်ထပ်လဲ ဘာတွေများ တောင်းဆိုအုန်းမှာလဲလေ...

I'm learning to live without you now
But I miss you sometimes
The more I know, the less I understand
All the things I thought I knew, I'm learning again
I've been tryin' to get down to the Heart of the Matter
But my will gets weak
And my thoughts seem to scatter
But I think it's about forgiveness
Forgiveness
Even if, even if you don't love me anymore

အခုမင်းမရှိဘဲနေထိုင်ဖို့ ကိုယ်သင်ယူနေရတယ်လေ
ဒါပေမည့် မင်းကို အချို့အချိန်တွေမှာလွမ်းတုန်းပါ
များများသိလာလေ ကိုယ်နားလည်ပေးနိုင်ဖို့ပိုခေါင်းပါးလာလေပေါ့
ကိုယ်သိခဲ့ထင်ခဲ့သမျှအရာအားလုံးကို တစ်ဖန်ပြန်သင်ယူနေတယ်
နှစ်လုံးသား ဗဟိုချက်မဆီသို့ ကိုယ်ကြိုးစားဖြေသိမ့်နေပါတယ်
ဒါပေမည့် ကိုယ့်မျှော်လင့်ချက်က အားနည်းလွန်းနေပြီ
ကိုယ့်အတွေးတွေလဲ တစ်စစီပြန့်ကျဲနေဆဲဘဲ
ဒါပေမည့် ဒါက ခွင့်လွှတ်မှုအကြောင်းတရားပါလို့ ကိုယ်တွေးတယ်
ခွင့်လွှတ်နားလည်မှု
မင်းကိုယ့်ကို မချစ်တော့ရင်လဲလေ.. မချစ်တော့ရင်ပေါ့

These times are so uncertain
There's a yearning undefined
...People filled with rage
We all need a little tenderness
How can love survive in such a graceless age
The trust and self-assurance that can lead to happiness
They're the very things we kill, I guess
Pride and competition cannot fill these empty arms
And the work I put between us,
Doesn't keep me warm

ဒီအချိန်တွေက မသေချာကြဘူး
အမည်မဲ့ လွမ်းဆွတ်ကြေကွဲမှုတစ်ခု ရှိနေဆဲ
လိုအင်ဆန္ဒတွေ အတိနဲ့လူသားတွေ
ငါတို့အားလုံး နှစ်သိမ့်ဖြေလျှော့မှုတွေ အနည်းငယ်လိုမယ်လေ
မလှပတော့တဲ့ခေတ်မှာ အချစ်ကဘယ်လိုရှင်သန်ပါ့မလဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို သံသယကင်းတာတွေက ပျော်ရွှင်မှုဆီသို့ဘဲလေ
ဒါတွေကိုဘဲ ကိုယ်တို့ ဖျက်ဆီးနေကြတယ်လို့ ကိုယ်ခန့်မှန်းမိပါတယ်
မာန်မာနနဲ့ ပြိုင်ဆိုင်မှုတွေက ဒီလိုအပ်ချက်တွေကို ဖြည့်ဆီးပေးနိုင်မယ်မဟုတ်ပါဘူး
မင်းနဲ့ကိုယ်ရဲ့ကြား ကိုယ်ကြိုးစားဖြေရှင်းသမျှတွေကလဲ
ကိုယ့်ကို မနွေးထွေးစေတော့ဘူးလေ...

I'm learning to live without you now
But I miss you, Baby
The more I know, the less I understand
All the things I thought I figured out, I have to learn again
I've been tryin' to get down to the Heart of the Matter
But everything changes
And my friends seem to scatter

ကိုယ်သိခဲ့ထင်သမျှအရာအားလုံးကို တစ်ဖန်ပြန်သင်ယူနေတယ်

There are people in your life who've come and gone
They let you down and hurt your pride
Better put it all behind you; life goes on
You keep carrin' that anger, it'll eat you inside

မင်းဘဝထဲဝင်လာတဲ့ ထွက်သွားတဲ့လူတွေက
မင်းကို ရှုံးနိမ့်စေမှာတွေ မာနကိုထိခိုက်စေမှာတွေကို
ဖြစ်နိုင်ရင်တော့ အားလုံးကို နောက်ကွယ်မှာထားပေးပါ ဘဝက ရှေ့ဆက်သွားနေတာပါ
ဒါတွေကို မင်းဆုပ်ကိုင်ထားရင် မင်းကိုဘဲပူလောင်စေမယ်လေ..

မင်းကိုယ့်ကို မချစ်တော့ရင်လဲလေ မချစ်တော့ရင်ပေါ့

I've been tryin' to get down to the Heart of the Matter
Because the flesh will get weak
And the ashes will scatter
So I'm thinkin' about forgiveness

Don't know what to say now
Don't know where to start
I don't know how to handle
A complicated heart
You tell me you are leaving
But I just have to say
Before you throw it all away

အခု ဘယ်လိုပြောရတော့မယ် မသိဘူး
ဘယ်နေရာမှာ အစပြုရမလဲ မသိတော့ဘူး
ရှုပ်ထွေးတဲ့ နှစ်လုံးသားတစ်ခုကို
ဘယ်လို ကိုင်တွယ်ရမလဲလဲ မသိတော့ဘူးလေ
ထွက်သွားပြီလို့ မင်းကိုယ့်ကိုပြောတယ်လေ
အဲဒါတွေအားလုံးကို မင်းလွှတ်မပြစ်ခင်
ကိုယ်လဲတစ်ခုတော့ပြောပါရစေ..

[Chorus]
Even if you want to go alone
I will be waiting when you're coming home
If you need someone to ease the pain
You can lean on me my love will still remain

မင်းတစ်ယောက်ထဲဘဲ သွားချင်တယ်လို့ ဆိုပစေအုန်း
မင်းအိမ်ပြန်လာမည့် အချိန်ကို ကိုယ်စောင့်နေအုန်းမှာပါ
မင်း နာကျင်မှုတွေ ဖြေဖျောက်ဖို့ရာတကယ်လို့ တစ်ယောက်ယောက်ကိုလိုအပ်ခဲ့ရင်
ကိုယ့်အပေါ်မှာ မှီတွယ် နိုင်ပါတယ်၊ ကိုယ့်အချစ်တွေ အရင်အတိုင်းဆက်ရှိနေမှာပါ၊

Don't know what you're thinking
To me it seems quite tough
To hold a conversation
When words are not enough
So this is your decision
And there's nothing I can do
I can only say to you

မင်းဘာတွေတွေးနေလဲ ကိုယ်မသိနိုင်ပါဘူး
စကားလုံးတွေနဲ့ ဖော်ပြဖို့မလုံလောက်တော့တဲ့အခါ
ကိုယ့်အတွက်တော့ ကြီးမားတဲ့အခက်အခဲဘဲပေါ့
ဒါကမင်းရဲ့ ဆုံးဖြတ်ချက်ဆိုရင်တော့လဲ
ကိုယ်ဘာတစ်ခုမှ မတတ်နိုင်တော့ပါဘူးလေ
ကိုယ်တစ်ခုဘဲ ပြောလိုပါတယ်...

Wednesday, December 14, 2011

The law of inertia states that:
A body will preserve its velocity and direction so long as no force in its motion's direction acts on it.

အီနားရှားဥပဒေသက ပြောခဲ့တယ်လေ
အရာဝတ္ထုတစ်ခုက ဒီနှုန်းအတိုင်းဆက်ပြီးရွေ့နေပါမယ်တဲ့
သူ့ရဲ့ ရွေ့လျားရာလမ်းမှာ အခြားအားသက်ရောက်မှု တစ်ခုခုမှမရှိခဲ့ရင်ပေါ့တဲ့

ဒီလိုဘဲ မင်းပေးခဲ့တဲ့ အလွမ်းခရီးမှာရော
နောက်ထပ် ဆန့်ကျင်မည့် အားတစ်ခုသက်ရောက်လာမှာပါလို့
မင်းထင်ပါသလား ချစ်သူရေ..

Actually it is, it was, it will beyond the law of inertia ...my Love..

Sunday, December 11, 2011

လုံလောက်ခဲ့ရမယ်လေ
တစ်ချိန်က ချစ်တယ်လို့ ဆိုတာလေးနဲ့..

လုံလောက်ခဲ့ရမယ်လေ
အတတ်နိုင်ဆုံး ချစ်ခဲ့ပါတယ်ဆိုတာကို
ကိုယ့်ကိုကိုအသိအမှတ်ပြုနေရင်းနဲ့ပေါ့

လုံလောက်ခဲ့ရမယ်လေ
ချစ်သူပျော်ရွှင်နေတာ ငါကိုယ်တိုင်လဲ
ထပ်တူပျော်ရွှင်ရမယ်လို့ အကြိမ်ကြိမ်အဖန်ဖန်
ငါတွေးနေရင်းနဲ့ဘဲပေါ့

လုံလောက်ခဲ့ရမယ်လေ
မင်းရဲ့ အသံလေးတွေ ပုံရိပ်လေးတွေနဲ့
အလွမ်းကို ဒူးထောက်အရှုံးမပေးကြေးဆိုတာကိုပေါ့...

လုံလောက်ခဲ့ရမယ်လေ
ငါ့ နှလုံးသားက သူဟာသူ့ချစ်ရတဲ့သူအတွက် အကြိမ်ကြိမ်
အစမ်းသပ်ခံနိုင် ပေးခဲ့တာကို..
ငြီးတွားရွတ်ဆိုနေပစေချင် နေပစေအုန်းပေါ့..

ညှိယူနေရသော ညီမျှခြင်း သို့ တစ်ဖက်သက် ချစ်ခြင်း၏ ..

ဝင်သက်ထွက်သက်တိုင်း
မင်းကိုဘဲလွမ်းနေတယ် သတိရပါတယ် ချစ်သူ
ဘယ်နေရာကို ခြေလှမ်းလှမ်းလိုက်တိုင်း
ဘယ်နေရာမဆို ငါကြည့်လိုက်တိုင်း
သတိတရတမ်းတမိတာ မင်းကိုပါ
ဒါပေမည့် မင်းမှာချစ်ရတဲ့သူရှိပါတယ်ဆိုတဲ့
အရာက နာကျင်မှုအပြင်ကိုယ့်ကို ဘာဖြစ်စေနိုင်မလဲလေ
ဒါပေမည့် အမြဲချစ်နေပါတယ်ချစ်သူ
ဝင်သက် ထွက်သက်တိုင်းကိုပေါ့
ဒီလိုဘဲ လွမ်းနေပါတယ် ချစ်သူ
ချစ်နေတဲ့ အချိန်တိုင်းကိုပေါ့
ချစ်သူ အဆင်ပြေပါစေ နေကောင်းပါစ
နေကောင်းအောင်နေပါနော်
မင်းချစ်ရတဲ့ ချစ်သူနဲ့လဲ အဆင်ပြေပါစေနော်...

Wednesday, December 07, 2011

ယုံကြည်မှု အစွန်းရောက်သွားတာ
ငါ့အမှား
ခမ်းနားတဲ့ အိမ်မက်တွေ စွတ်မှိတ်မက်ခဲ့တာ
ငါ့အမှား
ဘဝတွေ တကယ်တမ်းအဝေးမှာလို့မယုံကြည်ခဲ့တာ
ငါ့အမှား
နျူတန်ရဲ့တတိယ နိယာမဘယ်တော့မှမလွဲဘူးလို့ယုံတာ
ငါ့အမှား
မင်းပြောဖူးတဲ့ မဖြစ်နိုင်ဘူးဆိုတာကို မယုံကြည်ခဲ့တာ
ငါ့ရဲ့အမှား
အချစ်ကို ယုံကြည်ခဲ့မိတာ
ငါ့ရဲ့အမှား
.........
.......
ဟုတ်တယ်..
ငါတစ်ယောက်ထဲဘဲ မှားတာပါ...

Monday, December 05, 2011

အချစ်ဆိုတာ လွတ်လပ်ခြင်းလို့ နားလည်ပါတယ် ချစ်သူ
ဘယ်လောက်အထိ လွတ်လပ်ပေးမလဲ
အချစ်ဆိုတာ ညီမျှခြင်း တစ်ကြောင်းလို့ နားလည်ထားပါတယ်ချစ်သူ
ဘယ်လောက်ထိ ညီမျှခြင်းကိုက်မည့် ညီမျှခြင်းတစ်ကြောင်းပါလဲ
တကယ်လို့ မင်းမှာ ကိုယ့်ထက် ချစ်ရတဲ့သူတစ်ယောက် ရှိပါတယ်လို့ မင်းလွတ်လပ်စွာဆိုရင်
မင်းသူနဲ့ လွတ်လပ်စွာချစ်နိုင်ပါတယ်လို့ ဆိုမည့် အချစ်မျိုးပါ
ဒါက မင်းကိုချစ်နေလို့ဘဲပေါ့
အချစ် လွတ်လပ်ခြင်း ညီမျှခြင်း အားလုံးထပ်တူညီနေလို့ဘဲပေါ့
အဖိုးတန်ချစ်ခြင်းတစ်စုံ အတွက် အညတရအလွမ်းတစ်ခုကို ငဲ့ကွက်စရာ မလိုပါဘူးချစ်သူ
ဆက်လျှောက်ပါချစ်သူ ခရီးက နီးနီးလေးရယ်ပါ၊
ပျော်ရွှင်ပါစေ ချစ်သူ၊

Thursday, December 01, 2011

ဒီဇင်ဘာ အေးမြတဲ့လကလေးရေ
လောင်ကျွမ်းနေတဲ့ အရာတွေကို အေးမြပါစေတော့လားကွာ
ဒီဇင်ဘာ နှင်းဖွေးဖွေးလကလေးရေ
အိမ်မက်တွေကို မင်းရဲ့ နှင်းပွင့်တွေနဲ့ဖုံးလွှမ်းပါစေသားကွာ
ဒီဇင်ဘာ အေးစက်စက်လကလေးရေ
အစွန်းရောက်ရောက် အတွေးတွေကို မင်းရင်ခွင်မှာ အိပ်စက်ပါစေတော့လားကွာ.....