Thursday, September 29, 2011

ဘယ်မှာလဲ မင်းပုံရိပ်တွေရယ်
ဘယ်မှာလဲ မင်းရဲ့ ချစ်ခြင်းဆိုတာရယ်
ဟုတ်ပါတယ် ငါ နေ့ခင်းကြောင်တောင် အိပ်မက်တွေမက်နေတာ
ရူးသွပ်နေမိတာ အတိတ်တွေကို မမေ့နိုင်ခဲ့တာ
ရင်ခွင်တစ်ခုလုံး မုန်တိုင်းတွေ ချယ်လှည်ချင်တိုင်း အချယ်လှည်ခံခဲ့ရတာ
ထာဝရအလွန်အဝေးတစ်နေရာကို ထွက်ပြေးသွားချင်ခဲ့တာ
မင်းသိပါစ။ ။

Monday, September 19, 2011

အတ္တ

အတိတ်တွေ ပြိုပျက်
အနာဂါတ်တွေ မှောင်ရီပျိုး
ပစ္စုပ္ပန်တွေ ဝိုးတိုးဝါးတား
အိမ်မက်တွေ ဆိတ်သုဉ်း
ပုံရိပ်တွေ ပျောက်ဆုံး
ကဗျာတွေ လွင့်ပျောက်ပစေအုန်း
ထင်ကျန်နေမယ် ဒီသံသရာလုံး
ဘာတဲ့ ဟုတ်တယ်ငါမင်းကို အချစ်ဆုံး...

Saturday, September 17, 2011

ပြောပြချင်တဲ့ စကားတွေအများကြီး
ဒါပေမည့် ပြောခွင့်မှမရှိတာ
ဆိုတော့ ခပ်ဆိတ်ဆိတ် နေရုံပဲပေါ့
နားလည်တယ် ဒါဝဋ်ကြွေးကလွဲပြီး ဘာရှိတာမှတ်လို့
နာကျင်မှုတွေ ရှောင်မလွဲလေ
မကြားနိုင်တဲ့ စကားတွေ တစ်ကိုယ်တည်းရေရွတ်
မဆုံးနိုင်တဲ့ အတွေးအိမ်မှာလွင့်မြော
ကမ်းမဲ့အတိတ်ပြင်ကို ကူးခတ်
အတ္တတစ်ခု လောင်ကျွမ်း
အဓိပ္ပါယ်မဲ့ ပစ္စုပ္ပန် အနာဂါတ်လမ်းတွေပေါ်
တရွေ့ရွေ့ဖြတ်သန်းရင်း
ကုန်လွန်ပါတော့ အေးစက်စက် ဘဝတစ်ခုနဲ့
ကဗျာလေးတစ်ပုဒ်ရယ်။ ။

Thursday, September 15, 2011

"="

ရင်ခွင်တစ်ခုစာ ညီမျှချင်းတွေ ညှိမိတယ်
၁= အချစ်
၂= အချစ်
၃= အချစ်
၎= အချစ်
-
-
-
-
&=အချစ်
&+=အချစ်
-
-
-
အချစ်= အကျွန်ုပ်နှင့်မသက်ဆိုင်...
(နောက်ဆုံး ညီမျှချင်း ဟုတ်တယ် ဒါငါဘဝရဲ့နောက်ဆုံး ညီမျှချင်းဘဲ..)