Saturday, October 29, 2011

နတ္ထိမာန ထိုသုညဖြင့်
အချစ်တစ်ခု ငါချစ်ဖူး၏
ထိုထို ကြမ္မာ
မွှေနှောက်မှုအောက်
နှလုံးသားမြေနိမ့်
ထက်လှအသွား လှံချက်များ
ရင်နှင့်မဆံ့ စူးစူးနစ် စိုက်ဝင်ဖူး၏၊

တစစ်စစ်ကိုက်ခဲ လွမ်းဝေဒနာ
ငါလေ ရှည်ကြာခံပေဘူး၏
ကာလ ရှည်ကြာ ဒီဝေဒနာ
အလွမ်းပင်လယ် အဆုံးသတ်၏၊

သေချာပါတယ် ဒီအဖြစ်မှာ
မလွန်ဆန်နိုင် ဤအချစ်သည်သာ
တစ်ဦးထဲသော တရားခံတည်း။ ။

Friday, October 21, 2011

မလာပါနဲ့က မပျံသန်းနိုင်တဲ့ အတောင်ပံတွေကို ရိုက်ချိုးလိုက်သလိုပါ
ဒီလိုဘဲ ဒီအတိုင်းဘဲကောင်းပါတယ်က ဘာမှမယ်မယ်ရရ ဆုပ်ကိုင်ခွင့်မရသူ အတွက်နာကျင်စေတယ်
ဒါကိုအရှင်းလင်းဆုံး မင်းမြင်နိုင်တယ် နှလုံးသားမျက်စိတစ်စုံနဲ့ မင်းငဲ့ကြည့်ခဲ့ရင်ပေါ့
ဒီအတွက် စကားလုံးတွေနဲ့ မဖော်ကြူးပါရစေနဲ့တော့ကွာ
ကောင်းသောညပါ.ချစ်သူ..
အရာရာအတွက် ကျေးဇူးပါ ကံတရားရယ်
သစ်ရွက်တွေ မြေမှာကြွေကျပြီး
နောက်တစ်ကြိမ် ရွက်သစ်တွေပြန်ဝေခဲ့မှာကို
သိနားလည်ဖို့ အခွင့်ပေးခဲ့ခြင်းအတွက်

အရာရာအတွက် ကျေးဇူးပါ ကံတရားရယ်
တစ်ချို့တစ်ချို့သောအရာတွေကို ငါ နားမလည်နိုင်တော့/နားလည်ခွင့်မရှိဘူးဆိုတာ
သိနားလည်စေခြင်းအတွက်

အရာရာအတွက် ကျေးဇူးပါ ကံတရားရယ်
အချို့အချို့သောအရာတွေကို ငါ မဖြေရှင်းနိုင်ဘူးဆိုတာ
သိမြင်စေခြင်းအတွက်

ဘာဘဲဖြစ်ဖြစ်ပေါ့ ကံတရားဆိုတာရယ်
ငါ ဟာ ငါ့ရဲ့ချစ်သူကို အကန့်အသတ်မဲ့ ချစ်တယ်ဆိုတာ
သိရှိခွင့်ရတဲ့အတွက် ကျေးဇူးပါ။ ။
ဘဝတစ်ခုလုံးစာ ချစ်ခဲ့ကြတယ်။ ။
ဒီကမ္ဘာမှာ ငါတို့အချစ်က အချစ်ဆုံးတဲ့...
ကြံမ္မာဆိုးတွေမွှေနှောက်
အချစ်တွေ ချိုရာခါး
အတ္တအိမ်မက်တွေကွဲပြို
ဘဝတွေဝေးကွာ
လမ်းခွဲတစ်ခုကို လက်သင့်ခံ
မဆုံနိုင်တဲ့လမ်းတွေပေါ်
အလွမ်းတစ်ခုနဲ့
ခရီးတစ်ခု စတင်
ချစ်သူ
တစ်ချိန်ကချစ်သူကို
တစ်ချိန်ကအတိုင်း
မင်းချစ်သေးရဲ့လား...