Friday, January 27, 2012

အလင်းပြေး..

ထားခဲ့ပါ အတိတ်တွေ
သူတို့တွေတောင် ထားခဲ့ပြီဘဲ...

ပစ္စုပ္ပန် တဒင်္ဂရူးသွပ်မှုတွေပါ
အနာဂါတ်ထဲ မင်းဝင်ရင်
သူတို့လဲ ထားခဲ့ရမှာတွေ...

အနာဂါတ်တွေ..
အတိတ်နဲ့ ပစ္စုပ္ပန်တွေမှာ
ပျောက်ဆုံးသွားရမှာ တွေဘဲလေ...

ထားခဲ့ပါ ပျော်ရွှင်လွတ်လပ်ပေါ့ပါးစွာနဲ့..ထားခဲ့လိုက်ပါ..

မနက်ဖြန်တွေ စတင်အုန်းမှာပါ..
အလင်းပြေးတွေရဲ့ အလိုကျ အတိုင်းပါလေ။

Monday, January 23, 2012

အိမ်မက်တစ်ခု မေ့ထားလိုက်
အိမ်မက်ငယ် တစ်ခုအတွက်
အတ္တအဖြစ် သတ်မှတ်၍
ယုံကြည်မှု တစ်ခုအတွက်ကြောင့်လို့ဘဲဆိုဆို

မျှော်လင့်ချက်တစ်ခု ခေါက်သိမ်းလိုက်
မျှော်လင့်ချက် တစ်ခုအတွက်
အတ္တအဖြစ် သတ်မှတ်၍
ယုံကြည်မှု တစ်ခုအတွက်လို့လဲဆိုနိုင်တယ်

မှားတယ်ဆိုစေ မှန်တယ်ဆိုစေ
နှလုံးသားမရှိဘူးဆိုစေ
ဘဝခရီးကြမ်းမယ်ဆိုစေ
ခရီးမဆုံးသေးသ၍
ရှေ့ဆက်လျှောက်နေမည်
ယုံကြည်မှုနဲ့ ရွေးတဲ့လမ်းမထက်ပေါ့

Thursday, January 19, 2012

မင်းကို မချစ်ဖူးလို့ပြောတော့
ရင်ထဲမှာငိုနေတယ်တဲ့
အချစ်ဆိုတာဘာလဲ ငါမသိပါလို့ပြောတော့
မင်းက ရီနေပြန်ရော
အချစ်ဆိုတာမှာ မျက်နှာပြင်များစွာ/အဓိပ္ပါယ်များစွာ ရှိတယ်ဆိုတာ
forum ထဲ ရေးဖူးတယ်လို့ ပြောတော့
ကြားချင်လို့ အခုပြောပြတဲ့
ရေးတော့ ရေးဖူးတယ် ကျွန်တော်လဲ မမှတ်မိတော့
အချစ်က ဒီလို ဒီလိုပါကွာလို့..
အရာအားလုံးဘဲဆိုပါတော့လို့
အခုနဲနဲထပ်ပေါင်းထည့်ချင်တယ်
အချစ်က အမြဲသတိတရရှိနေတာ
အချစ်က တစ်ခါတရံမှာ
လုံးဝမေ့ပျောက်ပေးရမှုတွေ အပါအဝင်ပါလို့..