Sunday, February 26, 2012

"The Fighter"

The lover held her love
She begged him not to go
The fighter wrapped his gloves
The fighter said I know, I know, I know
Just this one last time
I swear you'll still be mine
But he can't promise much
He goes for one last touch

ချစ်သူက သူ့မရဲ့အချစ်ကိုဖမ်းဆုပ်ထားခဲ့တယ်လေ
သူမက သူ့ကို မသွားဖို့ရာ တောင်းပန်နေခဲ့ရတယ်
လက်ဝှေ့သမားကပွဲဝင်ဖို့ရာ သူ့ လက်အိပ်ကိုစွပ်ခဲ့တယ်
ပြီးသူပြောခဲ့တယ် "ငါသိတယ် ငါသိတယ် ငါသိပါတယ်"တဲ့
"ဒီတစ်ခါ နောက်ဆုံး အချီရယ်ပါကွာ"တဲ့
ပြီးတော့ပြောသေးတယ် "ငါကျိန်ဆိုပါတယ် မင်းကငါ့နဲ့အတူတကွပါ"တဲ့..
ဒါပေမည့် သူများများ ဂတိတွေမပေးနိုင်ပါဘူး
နောက်ဆုံးအချီ အတွက် သူသွားပြီလေ..


Maybe we were meant to be lonely
Maybe we were meant to be on our own
Loneliness has always been with me
But maybe we don't have to be all alone

ငါတို့တွေ အထီးကျန်ဖို့ရာဘဲဖြစ်နိုင်တယ်..
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်အတွက်ဘဲလဲ နေမှာပါလေ..
အထီးကျန်မှုက ငါနဲ့အမြဲတူတူ ရှိနေနှင့်ခဲ့ပြီးလေ..
ဒါပေမည့် ငါတို့တွေဘဲအထီးကျန်ဖို့ရာတော့လဲ ဟုတ်မယ်မဟုတ်ပေဖူး


The fighter goes inside
The doubt is creeping in
He swings with all his might
At all that might have been
And she's in love with him
But lovers don't always win
He never even saw the swing
She calls out his name

ကြိုးဝိုင်းထဲ လက်ဝှေ့သမား ..သူ..ဝင်သွားပြီလေ
သံသယတွေ တဖြည်းဖြည်းကြီးစိုးလာနေပြီ
သူ့ခွန်အားရှိသမျှ ထိုးသတ် ပုတ်တယ်
ဖြစ်နိုင်သမျှ အစွမ်းကုန်ပေါ့
သူမလဲ သူနဲ့ချစ်ဆဲပါ
ဒါပေမည့် ချစ်သူတွေဆိုတာလဲ အမြဲတမ်းတော့ မနိုင်နိုင်ပါဘူး
သူဘယ်တော့မှ သတိမလည်လာတော့တာပါ၊ ။
သူမကတော့ သူ့နာမည်ကို တကျော်ကျော် အော်ခေါ်နေဆဲလေ..


Maybe we were meant to be lonely
Maybe we were meant to be on our own
Loneliness has always been with me
But maybe we don't have to be all alone

ငါတို့တွေ အထီးကျန်ဖို့ရာဘဲဖြစ်နိုင်တယ်..
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်အတွက်ဘဲလဲ နေမှာပါလေ..
အထီးကျန်မှုက ငါနဲ့အမြဲတူတူ ရှိနေနှင့်ခဲ့ပြီးလေ..
ဒါပေမည့် ငါတို့တွေဘဲအထီးကျန်ဖို့ရာတော့လဲ ဟုတ်မယ်မဟုတ်ပေဖူး


What breaks your bones
Is not the load you're carrying
What breaks you down
Is all in how you carry


မင်းသယ်ဆောင်နေတဲ့ ဝန်က
မင်းရဲ့ အရိုးတွေကို ကျိုးပျက်စေတာ မဟုတ်ပါဘူး
မင်းကို ချိုးဖဲ့ကျဆင်းစေတာက
တကယ်တော့ ဒါကို မင်းဘယ်လိုပုံစံနဲ့ သယ်ဆောင်သလဲ ဆိုတာရယ်ပါ..


The lover held her love
She begged him not to go
She unwrapped his gloves
The lover said I know, I know, I know
Kissed his trembling lips
She touched fingertips
But somehow they both know
He's not coming home

ချစ်သူက သူ့မရဲ့အချစ်ကို ဖမ်းဆုပ်ထားခဲ့တယ်လေ
သူမက သူ့ကို မသွားဖို့ရာ တောင်းပန်နေခဲ့ရတယ်
သူမက သူ့ရဲ့လက်အိပ်တွေကို ချွတ်ပေးခဲ့တယ်
ချစ်သူကပြောခဲ့တယ် "ငါသိတယ် ငါသိတယ် ငါသိပါတယ်"တဲ့
တုန်ရီနေတဲ့ သူနှုတ်ခမ်းတွေကို နမ်းရှုံ့ခဲ့တယ်
သူမလက်ချောင်းလေးတွေ ထိတွေ့ခဲ့ရင်းနဲ့ပေါ့
ဒါပေမည့် သူအိမ်ပြန်လာမယ် မဟုတ်ဖူးကို
သူတို့နှစ်ယောက်လုံး သိနေတယ်လေ..


Loneliness has always been with me
Maybe we were meant to be on our own
But I got to try or it will destroy me
Cause maybe we don't have to be all alone

အထီးကျန်မှုက ငါနဲ့အမြဲတူတူ ရှိနေနှင့်ခဲ့ပြီးလေ..
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်အတွက်ဘဲလဲ နေမှာပါလေ..
ဒါပေမည့် ငါကြိုးစားရမယ်လေ မဟုတ်ရင် အဲဒါရဲ့ ဖျက်ဆီးမှုကိုခံရမှာ
ဘာလို့လဲဆိုတော့ ငါတို့တွေချည်း အထီးကျန် မနေစေဖို့ရာလေ..

Friday, February 17, 2012

အိမ်မက်တစ်ခုရဲ့ အရောအထွေး

နွေးထွေးတဲ့ နေ့လေးတစ်နေ့ရှိနေမယ်
သူမရဲ့ နွေးထွေးမှုတွေနဲ့ ရောနေပါမယ်

အဲဒီနေ့မှာ သာယာတဲ့ ကောင်းကင်ကြီးလဲ
သူမရဲ့ချိုကြည်တဲ့ မျက်နှာနဲ့ ရောထွေးနေပါမယ်

ကြည်လင်တဲ့ နေဝန်းနဲ့ သူရဲ့ နေခြည်တွေလဲ
သူမရဲ့ တောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ သေချာတယ်
ကျွန်တော် ရောထွေးနေအုန်းမှာလေ

ချိုမြတဲ့ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေနဲ့
သူမရဲ့ တေးဆိုသဖွယ်စကားသံတွေက ရောထွေးနေမှာပါဘဲ

အေးမြတဲ့ လေပြေညှင်းတွေရဲ့ တိတ်တခိုးရယ်သံတွေရယ်
သူမရဲ့ တိတ်တခိုးရယ်သံတွေနဲ့
သေချာတယ် ကျွန်တော် ရောထွေးနေမှာမလွဲလေ..

Thursday, February 16, 2012


အလွမ်းတွေဖြေသိမ့်ဖို့ရာ
ရင်ဘက်ထဲပြန်ငုံ့ကြည့်တော့
ရောက်နေတဲ့နေရာ
စကားလုံးမဲ့ကောင်းကင်တစ်နေရာ

အလွမ်းတွေဖြေသိမ့်ဖို့ရာ
အဝေးတစ်နေရာ လှမ်းမျှော်ကြည့်တော့
မြင်မြင်သမျှ တွေ့တဲ့အရာ
တိတ်တဆိတ်အေးစက် အလွမ်းကုဋေကုဋာ

ဒီလိုနဲ့အားပေးဖို့ရာ
ရင်ဘက်ထဲတစ်ဖန် ပြန်ငုံ့ကြည့်တော့
တွေ့လိုက်ရတာ
တရှုံ့ရှုံ့နဲ့ ငိုကြွေးနေတဲ့ နှစ်လုံးသားတစ်ခုရယ်သာ

Tuesday, February 07, 2012

တစ်ချို့ကပြောတယ်
"ခဏလေး" ပါကွာတဲ့
တစ်ချို့ကတော့ပြောတယ်
"ကုန်ခဲ" လိုက်တာတဲ့
ဘာဘဲဖြစ်ဖြစ် ဟုတ်ပါတယ်
နာရီ ဆိုတဲ့ အချိန် ဆိုတာကြီးရယ်
မင်းကတော့ မင်းဘာသာမင်း သွားနေတာနေမှာပါ..

အရင်တစ်ခါကလဲ
ဒီနာရီကြောင့်ဘဲ..
နာနာလေး ရီနေခဲ့ရဖူးတယ်
ဒီတစ်ခါလဲ ဒီနာရီချိန်တွေ ကိုကြည့်ပြီး
နာကျင်စွာ ရီနေရမြဲလေ..


Thursday, February 02, 2012

အိမ်မက်တွေ ချိုမြိန်ခဲ့တယ်
မယုံနိုင်တဲ့ မျက်ဝန်းတစ်စုံနဲ့
တဒင်္ဂ အိမ်မက်
တဒင်္ဂ လမ်းဆုံးပေါ်မှာဘဲ
တဒင်္ဂ ဆိုတဲ့ သီချင်းထဲကလို
အမုန်းတွေမရှိခဲ့
အမှားတွေမရှိခဲ့
ကောင်းကင်ပြာကြီးတွေမရှိခဲ့
ဆိုတော့..
ပျက်စီးခြင်းတွေ မရှိခဲ့
ဒါပေမည့် တဒင်္ဂ တွေဘဲလေ..