Wednesday, September 12, 2012

နေ့နဲ့ ညကြားမှာ ငါတို့နေထိုင်တယ်
အဖြူ အမည်းတွေရဲ့ အရိပ်အောက်မှာ
အပြစ်ကင်းစင်မှု နဲ့ အပြစ်တွေကြား
ငါတို့ လူးလာခေါက်ပြန်ဆဲ၊

ချစ်ခြင်းနဲ့ မုန်းခြင်းကြား
အလွမ်းနဲ့ ဝေဒနာက
ပျံဝဲရင်း တွေးနေမှာ
ဥပေက္ခာနဲ့ မာယာလား၊

ဒီလိုနဲ့ ကော်ဖီတစ်ခွက် အေးစက်စက်
ကဗျာတွေလဲ မှေးစက်အိပ်ပျော်
အိမ်မက်တွေကြား ဗျာများရင်းနဲ့
မိုးစက် မိုးပေါက်လေးတွေ
ကပေါက်တိကပေါက်ချာ ကခုန်နေတဲ့ပွဲ
ငါတို့ လွဲခဲ့ဖူးတယ်၊