Sunday, July 29, 2012

အတိတ်ကိုလဲ မစွဲလန်းနဲ့ 
အနာဂတ်ကိုလဲ အိမ်မမက်နဲ့ 
ပစ္စုပ္ပန် အဖြစ်အပျက်မှာ အာရုံပြုပါ။

Sunday, February 26, 2012

"The Fighter"

The lover held her love
She begged him not to go
The fighter wrapped his gloves
The fighter said I know, I know, I know
Just this one last time
I swear you'll still be mine
But he can't promise much
He goes for one last touch

ချစ်သူက သူ့မရဲ့အချစ်ကိုဖမ်းဆုပ်ထားခဲ့တယ်လေ
သူမက သူ့ကို မသွားဖို့ရာ တောင်းပန်နေခဲ့ရတယ်
လက်ဝှေ့သမားကပွဲဝင်ဖို့ရာ သူ့ လက်အိပ်ကိုစွပ်ခဲ့တယ်
ပြီးသူပြောခဲ့တယ် "ငါသိတယ် ငါသိတယ် ငါသိပါတယ်"တဲ့
"ဒီတစ်ခါ နောက်ဆုံး အချီရယ်ပါကွာ"တဲ့
ပြီးတော့ပြောသေးတယ် "ငါကျိန်ဆိုပါတယ် မင်းကငါ့နဲ့အတူတကွပါ"တဲ့..
ဒါပေမည့် သူများများ ဂတိတွေမပေးနိုင်ပါဘူး
နောက်ဆုံးအချီ အတွက် သူသွားပြီလေ..

Maybe we were meant to be lonely
Maybe we were meant to be on our own
Loneliness has always been with me
But maybe we don't have to be all alone

ငါတို့တွေ အထီးကျန်ဖို့ရာဘဲဖြစ်နိုင်တယ်..
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်အတွက်ဘဲလဲ နေမှာပါလေ..
အထီးကျန်မှုက ငါနဲ့အမြဲတူတူ ရှိနေနှင့်ခဲ့ပြီးလေ..
ဒါပေမည့် ငါတို့တွေဘဲအထီးကျန်ဖို့ရာတော့လဲ ဟုတ်မယ်မဟုတ်ပေဖူး

The fighter goes inside
The doubt is creeping in
He swings with all his might
At all that might have been
And she's in love with him
But lovers don't always win
He never even saw the swing
She calls out his name

ကြိုးဝိုင်းထဲ လက်ဝှေ့သမား ..သူ..ဝင်သွားပြီလေ
သံသယတွေ တဖြည်းဖြည်းကြီးစိုးလာနေပြီ
သူ့ခွန်အားရှိသမျှ ထိုးသတ် ပုတ်တယ်
ဖြစ်နိုင်သမျှ အစွမ်းကုန်ပေါ့
သူမလဲ သူနဲ့ချစ်ဆဲပါ
ဒါပေမည့် ချစ်သူတွေဆိုတာလဲ အမြဲတမ်းတော့ မနိုင်နိုင်ပါဘူး
သူဘယ်တော့မှ သတိမလည်လာတော့တာပါ၊ ။
သူမကတော့ သူ့နာမည်ကို တကျော်ကျော် အော်ခေါ်နေဆဲလေ..

Maybe we were meant to be lonely
Maybe we were meant to be on our own
Loneliness has always been with me
But maybe we don't have to be all alone

ငါတို့တွေ အထီးကျန်ဖို့ရာဘဲဖြစ်နိုင်တယ်..
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်အတွက်ဘဲလဲ နေမှာပါလေ..
အထီးကျန်မှုက ငါနဲ့အမြဲတူတူ ရှိနေနှင့်ခဲ့ပြီးလေ..
ဒါပေမည့် ငါတို့တွေဘဲအထီးကျန်ဖို့ရာတော့လဲ ဟုတ်မယ်မဟုတ်ပေဖူး

What breaks your bones
Is not the load you're carrying
What breaks you down
Is all in how you carry

မင်းသယ်ဆောင်နေတဲ့ ဝန်က
မင်းရဲ့ အရိုးတွေကို ကျိုးပျက်စေတာ မဟုတ်ပါဘူး
မင်းကို ချိုးဖဲ့ကျဆင်းစေတာက
တကယ်တော့ ဒါကို မင်းဘယ်လိုပုံစံနဲ့ သယ်ဆောင်သလဲ ဆိုတာရယ်ပါ..

The lover held her love
She begged him not to go
She unwrapped his gloves
The lover said I know, I know, I know
Kissed his trembling lips
She touched fingertips
But somehow they both know
He's not coming home

ချစ်သူက သူ့မရဲ့အချစ်ကို ဖမ်းဆုပ်ထားခဲ့တယ်လေ
သူမက သူ့ကို မသွားဖို့ရာ တောင်းပန်နေခဲ့ရတယ်
သူမက သူ့ရဲ့လက်အိပ်တွေကို ချွတ်ပေးခဲ့တယ်
ချစ်သူကပြောခဲ့တယ် "ငါသိတယ် ငါသိတယ် ငါသိပါတယ်"တဲ့
တုန်ရီနေတဲ့ သူနှုတ်ခမ်းတွေကို နမ်းရှုံ့ခဲ့တယ်
သူမလက်ချောင်းလေးတွေ ထိတွေ့ခဲ့ရင်းနဲ့ပေါ့
ဒါပေမည့် သူအိမ်ပြန်လာမယ် မဟုတ်ဖူးကို
သူတို့နှစ်ယောက်လုံး သိနေတယ်လေ..

Loneliness has always been with me
Maybe we were meant to be on our own
But I got to try or it will destroy me
Cause maybe we don't have to be all alone

အထီးကျန်မှုက ငါနဲ့အမြဲတူတူ ရှိနေနှင့်ခဲ့ပြီးလေ..
ငါတို့တွေဟာ ငါတို့ကိုယ်တိုင်အတွက်ဘဲလဲ နေမှာပါလေ..
ဒါပေမည့် ငါကြိုးစားရမယ်လေ မဟုတ်ရင် အဲဒါရဲ့ ဖျက်ဆီးမှုကိုခံရမှာ
ဘာလို့လဲဆိုတော့ ငါတို့တွေချည်း အထီးကျန် မနေစေဖို့ရာလေ..

Friday, February 17, 2012

အိမ်မက်တစ်ခုရဲ့ အရောအထွေး

နွေးထွေးတဲ့ နေ့လေးတစ်နေ့ရှိနေမယ်
သူမရဲ့ နွေးထွေးမှုတွေနဲ့ ရောနေပါမယ်

အဲဒီနေ့မှာ သာယာတဲ့ ကောင်းကင်ကြီးလဲ
သူမရဲ့ချိုကြည်တဲ့ မျက်နှာနဲ့ ရောထွေးနေပါမယ်

ကြည်လင်တဲ့ နေဝန်းနဲ့ သူရဲ့ နေခြည်တွေလဲ
သူမရဲ့ တောက်ပတဲ့ မျက်ဝန်းတစ်စုံနဲ သေချာတယ်
ကျွန်တော် ရောထွေးနေအုန်းမှာလေ

ချိုမြတဲ့ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေနဲ့
သူမရဲ့ တေးဆိုသဖွယ်စကားသံတွေက ရောထွေးနေမှာပါဘဲ

အေးမြတဲ့ လေပြေညှင်းတွေရဲ့ တိတ်တခိုးရယ်သံတွေရယ်
သူမရဲ့ တိတ်တခိုးရယ်သံတွေနဲ့
သေချာတယ် ကျွန်တော် ရောထွေးနေမှာမလွဲလေ..

Thursday, February 16, 2012

အလွမ်းတွေဖြေသိမ့်ဖို့ရာ
ရင်ဘက်ထဲပြန်ငုံ့ကြည့်တော့
ရောက်နေတဲ့နေရာ
စကားလုံးမဲ့ကောင်းကင်တစ်နေရာ

အလွမ်းတွေဖြေသိမ့်ဖို့ရာ
အဝေးတစ်နေရာ လှမ်းမျှော်ကြည့်တော့
မြင်မြင်သမျှ တွေ့တဲ့အရာ
တိတ်တဆိတ်အေးစက် အလွမ်းကုဋေကုဋာ

ဒီလိုနဲ့အားပေးဖို့ရာ
ရင်ဘက်ထဲတစ်ဖန် ပြန်ငုံ့ကြည့်တော့
တွေ့လိုက်ရတာ
တရှုံ့ရှုံ့နဲ့ ငိုကြွေးနေတဲ့ နှစ်လုံးသားတစ်ခုရယ်သာ

Tuesday, February 07, 2012

တစ်ချို့ကပြောတယ်
"ခဏလေး" ပါကွာတဲ့
တစ်ချို့ကတော့ပြောတယ်
"ကုန်ခဲ" လိုက်တာတဲ့
ဘာဘဲဖြစ်ဖြစ် ဟုတ်ပါတယ်
နာရီ ဆိုတဲ့ အချိန် ဆိုတာကြီးရယ်
မင်းကတော့ မင်းဘာသာမင်း သွားနေတာနေမှာပါ..

အရင်တစ်ခါကလဲ
ဒီနာရီကြောင့်ဘဲ..
နာနာလေး ရီနေခဲ့ရဖူးတယ်
ဒီတစ်ခါလဲ ဒီနာရီချိန်တွေ ကိုကြည့်ပြီး
နာကျင်စွာ ရီနေရမြဲလေ..

Thursday, February 02, 2012

အိမ်မက်တွေ ချိုမြိန်ခဲ့တယ်
မယုံနိုင်တဲ့ မျက်ဝန်းတစ်စုံနဲ့
တဒင်္ဂ အိမ်မက်
တဒင်္ဂ လမ်းဆုံးပေါ်မှာဘဲ
တဒင်္ဂ ဆိုတဲ့ သီချင်းထဲကလို
အမုန်းတွေမရှိခဲ့
အမှားတွေမရှိခဲ့
ကောင်းကင်ပြာကြီးတွေမရှိခဲ့
ဆိုတော့..
ပျက်စီးခြင်းတွေ မရှိခဲ့
ဒါပေမည့် တဒင်္ဂ တွေဘဲလေ..

Friday, January 27, 2012

အလင်းပြေး..

ထားခဲ့ပါ အတိတ်တွေ
သူတို့တွေတောင် ထားခဲ့ပြီဘဲ...

ပစ္စုပ္ပန် တဒင်္ဂရူးသွပ်မှုတွေပါ
အနာဂါတ်ထဲ မင်းဝင်ရင်
သူတို့လဲ ထားခဲ့ရမှာတွေ...

အနာဂါတ်တွေ..
အတိတ်နဲ့ ပစ္စုပ္ပန်တွေမှာ
ပျောက်ဆုံးသွားရမှာ တွေဘဲလေ...

ထားခဲ့ပါ ပျော်ရွှင်လွတ်လပ်ပေါ့ပါးစွာနဲ့..ထားခဲ့လိုက်ပါ..

မနက်ဖြန်တွေ စတင်အုန်းမှာပါ..
အလင်းပြေးတွေရဲ့ အလိုကျ အတိုင်းပါလေ။

Monday, January 23, 2012

အိမ်မက်တစ်ခု မေ့ထားလိုက်
အိမ်မက်ငယ် တစ်ခုအတွက်
အတ္တအဖြစ် သတ်မှတ်၍
ယုံကြည်မှု တစ်ခုအတွက်ကြောင့်လို့ဘဲဆိုဆို

မျှော်လင့်ချက်တစ်ခု ခေါက်သိမ်းလိုက်
မျှော်လင့်ချက် တစ်ခုအတွက်
အတ္တအဖြစ် သတ်မှတ်၍
ယုံကြည်မှု တစ်ခုအတွက်လို့လဲဆိုနိုင်တယ်

မှားတယ်ဆိုစေ မှန်တယ်ဆိုစေ
နှလုံးသားမရှိဘူးဆိုစေ
ဘဝခရီးကြမ်းမယ်ဆိုစေ
ခရီးမဆုံးသေးသ၍
ရှေ့ဆက်လျှောက်နေမည်
ယုံကြည်မှုနဲ့ ရွေးတဲ့လမ်းမထက်ပေါ့

Thursday, January 19, 2012

မင်းကို မချစ်ဖူးလို့ပြောတော့
ရင်ထဲမှာငိုနေတယ်တဲ့
အချစ်ဆိုတာဘာလဲ ငါမသိပါလို့ပြောတော့
မင်းက ရီနေပြန်ရော
အချစ်ဆိုတာမှာ မျက်နှာပြင်များစွာ/အဓိပ္ပါယ်များစွာ ရှိတယ်ဆိုတာ
forum ထဲ ရေးဖူးတယ်လို့ ပြောတော့
ကြားချင်လို့ အခုပြောပြတဲ့
ရေးတော့ ရေးဖူးတယ် ကျွန်တော်လဲ မမှတ်မိတော့
အချစ်က ဒီလို ဒီလိုပါကွာလို့..
အရာအားလုံးဘဲဆိုပါတော့လို့
အခုနဲနဲထပ်ပေါင်းထည့်ချင်တယ်
အချစ်က အမြဲသတိတရရှိနေတာ
အချစ်က တစ်ခါတရံမှာ
လုံးဝမေ့ပျောက်ပေးရမှုတွေ အပါအဝင်ပါလို့..

Wednesday, December 28, 2011

ခရီးသည်

အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းဆိုရင်
မင်းနဲ့ငါဟာ မခွဲအတူ ဆွယ်တော်ရွက်လေး တစ်ရွက်ဘဲပေါ့
အချစ်ဆိုတာ စွန့်လွှတ်ပေးဆပ် ခွဲခွါပေးရခြင်းဆိုရင်
∞ အလွန်တစ်မှတ်တိုင်အထိ မင်းနဲ့ငါရှိနေဖို့ ငါတစ်ကိုယ်တည်း ခရီးထွက်ပေးမှာပါ
.....ဒါပေမည့် တကယ်တန်း အချစ်ဆိုတဲ့အရာက.....
တကယ်တော့ ငါဟာ သုညတ နဲ့∞ ကြား လူးလာခေါက်ပြန် ခရီးသည်တစ်ဦးပါဘဲ...

Friday, December 23, 2011

နေရဲ့ပုံရိပ်
ဟုတ်တယ် ဒါက ♏ တွေရဲ့ သာမာန်လျှောက်ရိုးလမ်းတစ်သွယ်ပါဘဲ
သူဘယ်တော့မှ မတိမ်းစောင်းခဲ့ဖူးဖူး
သူဘယ်တော့မှလဲ တိမ်းစောင်းမနေဘူး
ဒီလိုဘဲ သူဘယ်တော့မှလဲ ယိမ်းယိုင်မယ်မဟုတ်ပေဖူး..

သူ့မှာ မနှစ်လိုဖွယ် အဆိပ်တွေရှိမယ်
ဒါပေမည့် နောက်ဆုံး အဖြစ်နိုင်ဆုံးက
ဒါဟာသူ့အတွက် တစ်ခုတည်းသော ဖြေဆေးသက်သက်မျှပါဘဲ..
ဒါက ♏ တွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကန္တာရမှာ ပုံမှန် ရှင်သန်နေရခြင်းရဲ့...မနက်ဖြန်များဘဲပေါ့...

Saturday, December 17, 2011

I got the call today, I didn't wanna hear
But I knew that it would come
An old true friend of ours was talkin' on the phone
She said you found someone
And I thought of all the bad luck,
And the struggles we went through
And how I lost me and you lost you
What are these voices outside love's open door
Make us throw off our contentment
And beg for something more?

မကြားချင်ခဲ့တဲ့ ဖုန်းcall တစ်ခု ဒီနေ့ရခဲ့တယ်လေ
ဒါပေမည့် ဒါတစ်နေ့နေ့ဖြစ်လာမယ်လို့ ကြိုသိပြီးသားပါ
ကိုယ်တို့ရဲ့ သူငယ်ချင်းကဖုန်းထဲကနေပြောပြခဲ့တယ်လေ
မင်းနောက်တစ်ယောက်တွေ့သွားခဲ့ပြီတဲ့
ဒီတော့ ကံမကောင်းခဲ့မှုတွေအားလုံးကို ကိုယ်တွေးနေမိတယ်
နောက်ကိုယ်တို့ ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရမှုတွေရော
နောက်ကိုယ်ကိုယ်တိုင်ပျောက်ဆုံးသွားပုံတွေ မင်းကိုယ်တိုင်ပျောက်ဆုံးသွားပုံတွေရောပေါ့
ဘယ်လို စကားလုံးတွေက ကိုယ်တို့ရဲ့ ပျော်ရွှင်ကျေနပ်မှုတွေ
အချစ်တံခါးချပ်ရဲ့ အပြင်ဘက်တစ်နေရာကို ထွက်ခွါသွားအောင်လုပ်သလဲ
နောက်ထပ်လဲ ဘာတွေများ တောင်းဆိုအုန်းမှာလဲလေ...

I'm learning to live without you now
But I miss you sometimes
The more I know, the less I understand
All the things I thought I knew, I'm learning again
I've been tryin' to get down to the Heart of the Matter
But my will gets weak
And my thoughts seem to scatter
But I think it's about forgiveness
Forgiveness
Even if, even if you don't love me anymore

အခုမင်းမရှိဘဲနေထိုင်ဖို့ ကိုယ်သင်ယူနေရတယ်လေ
ဒါပေမည့် မင်းကို အချို့အချိန်တွေမှာလွမ်းတုန်းပါ
များများသိလာလေ ကိုယ်နားလည်ပေးနိုင်ဖို့ပိုခေါင်းပါးလာလေပေါ့
ကိုယ်သိခဲ့ထင်ခဲ့သမျှအရာအားလုံးကို တစ်ဖန်ပြန်သင်ယူနေတယ်
နှစ်လုံးသား ဗဟိုချက်မဆီသို့ ကိုယ်ကြိုးစားဖြေသိမ့်နေပါတယ်
ဒါပေမည့် ကိုယ့်မျှော်လင့်ချက်က အားနည်းလွန်းနေပြီ
ကိုယ့်အတွေးတွေလဲ တစ်စစီပြန့်ကျဲနေဆဲဘဲ
ဒါပေမည့် ဒါက ခွင့်လွှတ်မှုအကြောင်းတရားပါလို့ ကိုယ်တွေးတယ်
ခွင့်လွှတ်နားလည်မှု
မင်းကိုယ့်ကို မချစ်တော့ရင်လဲလေ.. မချစ်တော့ရင်ပေါ့

These times are so uncertain
There's a yearning undefined
...People filled with rage
We all need a little tenderness
How can love survive in such a graceless age
The trust and self-assurance that can lead to happiness
They're the very things we kill, I guess
Pride and competition cannot fill these empty arms
And the work I put between us,
Doesn't keep me warm

ဒီအချိန်တွေက မသေချာကြဘူး
အမည်မဲ့ လွမ်းဆွတ်ကြေကွဲမှုတစ်ခု ရှိနေဆဲ
လိုအင်ဆန္ဒတွေ အတိနဲ့လူသားတွေ
ငါတို့အားလုံး နှစ်သိမ့်ဖြေလျှော့မှုတွေ အနည်းငယ်လိုမယ်လေ
မလှပတော့တဲ့ခေတ်မှာ အချစ်ကဘယ်လိုရှင်သန်ပါ့မလဲ
ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို သံသယကင်းတာတွေက ပျော်ရွှင်မှုဆီသို့ဘဲလေ
ဒါတွေကိုဘဲ ကိုယ်တို့ ဖျက်ဆီးနေကြတယ်လို့ ကိုယ်ခန့်မှန်းမိပါတယ်
မာန်မာနနဲ့ ပြိုင်ဆိုင်မှုတွေက ဒီလိုအပ်ချက်တွေကို ဖြည့်ဆီးပေးနိုင်မယ်မဟုတ်ပါဘူး
မင်းနဲ့ကိုယ်ရဲ့ကြား ကိုယ်ကြိုးစားဖြေရှင်းသမျှတွေကလဲ
ကိုယ့်ကို မနွေးထွေးစေတော့ဘူးလေ...

I'm learning to live without you now
But I miss you, Baby
The more I know, the less I understand
All the things I thought I figured out, I have to learn again
I've been tryin' to get down to the Heart of the Matter
But everything changes
And my friends seem to scatter

ကိုယ်သိခဲ့ထင်သမျှအရာအားလုံးကို တစ်ဖန်ပြန်သင်ယူနေတယ်

There are people in your life who've come and gone
They let you down and hurt your pride
Better put it all behind you; life goes on
You keep carrin' that anger, it'll eat you inside

မင်းဘဝထဲဝင်လာတဲ့ ထွက်သွားတဲ့လူတွေက
မင်းကို ရှုံးနိမ့်စေမှာတွေ မာနကိုထိခိုက်စေမှာတွေကို
ဖြစ်နိုင်ရင်တော့ အားလုံးကို နောက်ကွယ်မှာထားပေးပါ ဘဝက ရှေ့ဆက်သွားနေတာပါ
ဒါတွေကို မင်းဆုပ်ကိုင်ထားရင် မင်းကိုဘဲပူလောင်စေမယ်လေ..

မင်းကိုယ့်ကို မချစ်တော့ရင်လဲလေ မချစ်တော့ရင်ပေါ့

I've been tryin' to get down to the Heart of the Matter
Because the flesh will get weak
And the ashes will scatter
So I'm thinkin' about forgiveness

Don't know what to say now
Don't know where to start
I don't know how to handle
A complicated heart
You tell me you are leaving
But I just have to say
Before you throw it all away

အခု ဘယ်လိုပြောရတော့မယ် မသိဘူး
ဘယ်နေရာမှာ အစပြုရမလဲ မသိတော့ဘူး
ရှုပ်ထွေးတဲ့ နှစ်လုံးသားတစ်ခုကို
ဘယ်လို ကိုင်တွယ်ရမလဲလဲ မသိတော့ဘူးလေ
ထွက်သွားပြီလို့ မင်းကိုယ့်ကိုပြောတယ်လေ
အဲဒါတွေအားလုံးကို မင်းလွှတ်မပြစ်ခင်
ကိုယ်လဲတစ်ခုတော့ပြောပါရစေ..

[Chorus]
Even if you want to go alone
I will be waiting when you're coming home
If you need someone to ease the pain
You can lean on me my love will still remain

မင်းတစ်ယောက်ထဲဘဲ သွားချင်တယ်လို့ ဆိုပစေအုန်း
မင်းအိမ်ပြန်လာမည့် အချိန်ကို ကိုယ်စောင့်နေအုန်းမှာပါ
မင်း နာကျင်မှုတွေ ဖြေဖျောက်ဖို့ရာတကယ်လို့ တစ်ယောက်ယောက်ကိုလိုအပ်ခဲ့ရင်
ကိုယ့်အပေါ်မှာ မှီတွယ် နိုင်ပါတယ်၊ ကိုယ့်အချစ်တွေ အရင်အတိုင်းဆက်ရှိနေမှာပါ၊

Don't know what you're thinking
To me it seems quite tough
To hold a conversation
When words are not enough
So this is your decision
And there's nothing I can do
I can only say to you

မင်းဘာတွေတွေးနေလဲ ကိုယ်မသိနိုင်ပါဘူး
စကားလုံးတွေနဲ့ ဖော်ပြဖို့မလုံလောက်တော့တဲ့အခါ
ကိုယ့်အတွက်တော့ ကြီးမားတဲ့အခက်အခဲဘဲပေါ့
ဒါကမင်းရဲ့ ဆုံးဖြတ်ချက်ဆိုရင်တော့လဲ
ကိုယ်ဘာတစ်ခုမှ မတတ်နိုင်တော့ပါဘူးလေ
ကိုယ်တစ်ခုဘဲ ပြောလိုပါတယ်...

Wednesday, December 14, 2011

The law of inertia states that:
A body will preserve its velocity and direction so long as no force in its motion's direction acts on it.

အီနားရှားဥပဒေသက ပြောခဲ့တယ်လေ
အရာဝတ္ထုတစ်ခုက ဒီနှုန်းအတိုင်းဆက်ပြီးရွေ့နေပါမယ်တဲ့
သူ့ရဲ့ ရွေ့လျားရာလမ်းမှာ အခြားအားသက်ရောက်မှု တစ်ခုခုမှမရှိခဲ့ရင်ပေါ့တဲ့

ဒီလိုဘဲ မင်းပေးခဲ့တဲ့ အလွမ်းခရီးမှာရော
နောက်ထပ် ဆန့်ကျင်မည့် အားတစ်ခုသက်ရောက်လာမှာပါလို့
မင်းထင်ပါသလား ချစ်သူရေ..

Actually it is, it was, it will beyond the law of inertia ...my Love..

Sunday, December 11, 2011

လုံလောက်ခဲ့ရမယ်လေ
တစ်ချိန်က ချစ်တယ်လို့ ဆိုတာလေးနဲ့..

လုံလောက်ခဲ့ရမယ်လေ
အတတ်နိုင်ဆုံး ချစ်ခဲ့ပါတယ်ဆိုတာကို
ကိုယ့်ကိုကိုအသိအမှတ်ပြုနေရင်းနဲ့ပေါ့

လုံလောက်ခဲ့ရမယ်လေ
ချစ်သူပျော်ရွှင်နေတာ ငါကိုယ်တိုင်လဲ
ထပ်တူပျော်ရွှင်ရမယ်လို့ အကြိမ်ကြိမ်အဖန်ဖန်
ငါတွေးနေရင်းနဲ့ဘဲပေါ့

လုံလောက်ခဲ့ရမယ်လေ
မင်းရဲ့ အသံလေးတွေ ပုံရိပ်လေးတွေနဲ့
အလွမ်းကို ဒူးထောက်အရှုံးမပေးကြေးဆိုတာကိုပေါ့...

လုံလောက်ခဲ့ရမယ်လေ
ငါ့ နှလုံးသားက သူဟာသူ့ချစ်ရတဲ့သူအတွက် အကြိမ်ကြိမ်
အစမ်းသပ်ခံနိုင် ပေးခဲ့တာကို..
ငြီးတွားရွတ်ဆိုနေပစေချင် နေပစေအုန်းပေါ့..

ညှိယူနေရသော ညီမျှခြင်း သို့ တစ်ဖက်သက် ချစ်ခြင်း၏ ..

ဝင်သက်ထွက်သက်တိုင်း
မင်းကိုဘဲလွမ်းနေတယ် သတိရပါတယ် ချစ်သူ
ဘယ်နေရာကို ခြေလှမ်းလှမ်းလိုက်တိုင်း
ဘယ်နေရာမဆို ငါကြည့်လိုက်တိုင်း
သတိတရတမ်းတမိတာ မင်းကိုပါ
ဒါပေမည့် မင်းမှာချစ်ရတဲ့သူရှိပါတယ်ဆိုတဲ့
အရာက နာကျင်မှုအပြင်ကိုယ့်ကို ဘာဖြစ်စေနိုင်မလဲလေ
ဒါပေမည့် အမြဲချစ်နေပါတယ်ချစ်သူ
ဝင်သက် ထွက်သက်တိုင်းကိုပေါ့
ဒီလိုဘဲ လွမ်းနေပါတယ် ချစ်သူ
ချစ်နေတဲ့ အချိန်တိုင်းကိုပေါ့
ချစ်သူ အဆင်ပြေပါစေ နေကောင်းပါစ
နေကောင်းအောင်နေပါနော်
မင်းချစ်ရတဲ့ ချစ်သူနဲ့လဲ အဆင်ပြေပါစေနော်...

Wednesday, December 07, 2011

ယုံကြည်မှု အစွန်းရောက်သွားတာ
ငါ့အမှား
ခမ်းနားတဲ့ အိမ်မက်တွေ စွတ်မှိတ်မက်ခဲ့တာ
ငါ့အမှား
ဘဝတွေ တကယ်တမ်းအဝေးမှာလို့မယုံကြည်ခဲ့တာ
ငါ့အမှား
နျူတန်ရဲ့တတိယ နိယာမဘယ်တော့မှမလွဲဘူးလို့ယုံတာ
ငါ့အမှား
မင်းပြောဖူးတဲ့ မဖြစ်နိုင်ဘူးဆိုတာကို မယုံကြည်ခဲ့တာ
ငါ့ရဲ့အမှား
အချစ်ကို ယုံကြည်ခဲ့မိတာ
ငါ့ရဲ့အမှား
.........
.......
ဟုတ်တယ်..
ငါတစ်ယောက်ထဲဘဲ မှားတာပါ...