နူးညံ့တဲ့ အချစ်တို့နဲ့ ရေးဖွဲ့ခဲ့ ဘ၀လေး
ငါပြန်မရတဲ့ အခုလိုအချိန် အလွမ်းတွေဟာ လှိုင်းထန်တယ်
သတိရတိုင်း ငါ့ရဲ့ နဘေး မင်းရှိမလား ရှာမိ
ဘယ်ဆီပြေးပုန်း ဟို တစ်ချိန်က မင်းမျက်လုံးမင်းရဲ့ အပြုံး
မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များက
ခွဲခွာခြင်း တစ်နေ့ကို ကြုံလာခဲ့ပေါ့
မေ့မရသော အတိတ်က တို့နှစ်ယောက် အမှတ်တရ
မင်း နှုတ်ခမ်းဖျားက အပြာရောင် မနက်ခင်းတွေ
ငါပြန်လည် တမ်းတရင်း ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ
အစီးအနင်း များလွန်းတဲ့ နက္ခတ်ဆိုးတွေကြား
ရိုးသားခြင်းနဲ့ ဘ၀ကို ပုံခဲ့တယ်
ငါဟာ သိုးမည်း တစ်ယောက်ပါ
စိတ်ဓါတ်ကျလွန်းတဲ့ ငါ့ရဲ့ နေ့တွေထဲ
မင်းရှိနေရင် အားအင်တစ်ခုပဲကွာ/
မင်းနဲ့ အတူတူ ဖြတ်ကျော်ချင်သေးတယ်
ငါလေ တမ်းတမိတယ်
မဆုံးတဲ့ အနမ်း မဆုံးတဲ့ ခရီး
မဆုံးတဲ့ အချစ် ဘယ်မလဲ
အိုအခုတော့ င့ါတစ်ယောက်တည်း
အထီးကျန်လွန်း ဘယ်လိုရပ်တည်မယ်
မိုးလင်းတိုင်း မင်းရဲ့ အနမ်းများနဲ့
နိုးခဲ့သော ငါ့ရဲ့ နေ့သစ်များထဲ
ခွဲခွာဖို့ အကြောင်းက ကြုံလာခဲ့ပေါ့
ကြေကွဲစရာ အဖြစ်အပျက်တို့ မေ့ဖို့ ကြိုးစား
မင်းမရှိတော့တဲ့ အလွမ်းနေ့ကွင်းပြင်ထဲ
ပြေလည်ရာ လမ်းကိုရွေး ဘယ်အချိန် ပြန်ဆုံနိုင်မှာလဲ
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါလျှောက်လှမ်းဖို့ ဘယ်သူအလင်းပြပါ့မယ်
အရှေ့က အမှောင်ခြယ် လမ်းအလယ်
ငါလျှောက်လှမ်းဖို့ တကယ်ကို အလင်းရောင်လိုတယ်
အစီးအနင်းများလွန်းတဲ့ န က္ခတ်ဆိုးကြားမှာ
အရိုးသားဆုံး စိတ်နဲ့ ငါ့ဘ၀ကို ပုံအပ်
သိုးမည်းတစ်ယောက်လိုငါပါ
စိတ်အားငယ်နေချိန် ဒီလိုနေ့များမှာ
မင်းလေးပဲ ငါတကယ် တမ်းတနေတယ် အချစ်ရယ်
မိုးလင်းတိုင်း ငါ့နဘေးနား မင်းမရှိဘူး လေ
Thursday, November 12, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment