ည
မှောင်မဲတိတ်ဆိတ်
လူခြေတိတ်တယ်
ည
သွေးရောင်လွှမ်း မာယာတွေနဲ့
အချစ်မပါတဲ့ အနမ်းကို ဖန်ဆင်း
ယုံလွယ်သူကို ကျူံးသွင်းဖူးတယ်
ည
အထီးကျန်အိမ်မက်
မျက်ရည်စက်လက်
ရင် ဟက်တတ်နဲ့ ပျောက်ဆုံးနေသော အနာဂတ်
ည
ရင့်ကျက်သယောင်နဲ့ ရက်စက်
ချစ်တတ်သယောင်နဲ့
သစ္စာပျက်ပြီး
လေးနက်သူရဲ့ အနာဂတ်ကို
ဖျက်ဆီးခဲ့သူ........။
ည
အချစ်
အနမ်း
အလွမ်း
သစ္စာ
အရာရာကို ပျက်သုဉ်းစေခဲ့သော..................။ ။
ဂေါ်ဖီထုတ်လေး@ myanmarfamily.org
Thursday, October 14, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment