အရမ်းကို ရက်စက်တဲ့ အထီးကျန်ညတွေကို တစ်ယောက်ထဲ ဖြတ်သန်းနေရတဲ့
ဘယ်တော့မှ တစ်စက်ကလေးတောင် ညှာတာမှု မရှိတဲ့ အေးစက်စက်ညတွေရဲ့အလယ်
ရင်ထဲမှာ ပြည့်သိပ်နေတဲ့ မင်းပုံရိပ်တွေ အတင်းပျောက်ဆုံးမှာကို ဖက်တွယ်ရင်းနဲ့
မျှော်လင့်ချက် အိမ်မက်တွေရဲ့ ဈာပနကို အရုပ်ကြိုးပျက် ငေးမောနေရတဲ့
ကြေမွဆဲ ဒီနှလုံးသားရဲ့ အခက်ထန်ဆုံး သူ့ချစ်သူကို သိစေချင်တဲ့ စကားလုံးတွေရယ်ပါ
အပြင်ပန်းအသွင်အပြင်ရဲ့ ရိုင်းပြမှုသဏ္ဌာန်ကို နှလုံးသား မျက်လုံးနဲ့ ဖွင့်ကြည့်ရင်
တစ်ခုတည်း မြင်နိုင်မယ့် အရာကို အကျွန်ထပ်ရှင်းပြရပါ့မလား သခင်..
Tuesday, October 26, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment