Sunday, May 24, 2009

ငါ့ရဲ့လမင်း

ငွေလမင်းလေးရေ.... ကိုယ်လွမ်းနေတယ်..........

အရှုံးတွေထဲ ငါ လဲပြိုရင်း
အတိတ်တို့ထဲ ငါ ပျောက်ဆုံးချိန်
် မြင်နိုင်တယ် ငါ့အနာဂတ်တို့မှေးချိန်
် ငါဟာ ကျဆုံးချိန်... ငါ့ရဲ့နံဘေးကို မင်းဝင်လာပြီး
လဲပြိုကျသူ ငါ့ကိုထူပြီး
အဆီအငေါ် မတည့်တဲ့ ငါ့ရဲ့စကားတွေ
နင်ဟာ ခွင့်လွှတ်သည်းခံရင်း

Cho:
တန်ဖိုးများ မရှိတော့ဘူး ငါထင်နေတဲ့ ဘဝ
မင်းရဲ့လက်မှာ ငါ တစ်ခါ ပြန်လည်ကာ အသက်ဝင်တောက်ပ
ဝိုး............၀ိုး..........
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါကို ဆယ်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်ကို တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့အတွက်တော့ နင်ဟာ ငါ့အတွက်တော့ ငွေလမင်း....


ငါ့အိမ်မက်တွေ ခြောက်ကပ်ရင်း
လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ နင် ဖန်ဆင်းတဲ့ ငါ့ဘ၀မှာ
အားငယ်စိတ်တွေ မရှိဘူး
ဘ၀ရဲ့ ပန်းတိုင်ငါ တွေ့ပြီ
နင်ဟာ လမ်းပြကြယ်
နင်ဟာ ငါ့ရဲ့ နတ်သမီး
ငွေလမင်းလေးရေ.... ကိုယ်လွမ်းနေတယ်..........

0 comments: