Sunday, June 28, 2009

မင်းတစ်ယောက်သာ

လေပြေညှင်းတွေ တိုက်ခတ်မှ သာယာပါတယ် ချစ်သူပျို၊ အချိန်တိုင်းမှာ နားရှိမှ ပျော်ရွင်ပါတယ် ချစ်သူပျို၊ အိမ်မက်ထဲက ထုတ်လို့မရ ကြင်နာသူရေ မင်းမျက်ဝန်း၊ ဘယ်လိုမှကို မေ့လို့မရ ကြင်နာသူရေ မင်းမျက်ဝန်း၊

တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းကို ချစ်တာ၊ တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်း မြတ်နိုးတာ၊ မင်းတစ်ယောက်သာ ငါ့ဘဝ မှာ အလိုချင်ဆုံး၊ မင်းတစ်ယောက်သာ ငါ့ဘဝ ရဲ့  အလိုအပ်ဆုံး၊

မျှော်လင့်ခြင်းတွေ ပေးဖူးတဲ့ ကြင်နာသူရေ မင်းအချစ်မျိုး၊ ကျန်နေရစ်ပစေ အမြဲချစ်မယ့် ကြင်နာသူရေ မင်းကိုလေ၊ အိမ်မက်ထဲမှာ ထုတ်လို့မရ ကြင်နာသူရေ မင်းရဲ့  အပြုံး၊ ဘယ်လိုမှကို မေ့လို့မရ ကြင်နာသူရေ မင်းမျက်ဝန်း၊

တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းကို ချစ်တာ၊ တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်း မြတ်နိုးတာ၊ မင်းတစ်ယောက်သာ ငါ့ဘဝ မှာ အလိုချင်ဆုံး၊ မင်းတစ်ယောက်သာ ငါ့ဘဝ ရဲ့  အမျှော်လင့်ဆုံး၊

တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းကို ချစ်တာ၊ တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်း မြတ်နိုးတာ၊ မင်းတစ်ယောက်သာ ငါ့ဘဝ မှာ အလိုချင်ဆုံး၊ မင်းတစ်ယောက်သာ ငါ့ဘဝ ရဲ့  အလိုချင်ဆုံး၊

မင်းတစ်ယောက်သာ ငါ့ ဘဝ ရဲ့  အလိုအပ်ဆုံး။

0 comments: