Saturday, April 24, 2010

ခံစားချက်များ မရှိချင်ဘူး
ဘာဖြစ်ချင်မှန်း မသိတော့ဘူး
စိတ်ကူးနဲ့ရူး မဖြစ်သင့်ဘူး
တကယ်ချစ်တာတစ်ခု မဖြစ်နိုင်ဘူး

အကြိမ်ကြိမ် ကိုယ့်ရဲ့ စိတ်တွေကြေမွ
ရင်ခုန်စရာရပ်ခဲ့ရပြီ ဒီဘဝ
အရင်လိုလေ အိမ်မက်လေးတွေ သိလား
ဒီတစ်ခါ ပြန်မမက်သင့်တော့တာ သိလား

အရာရာကို အရှုံးပေးထားတဲ့ စိတ်များ
ဘာကိုမှ မလုပ်တတ်တော့ပါ ဒီခဏ
အရင်လို ခံစားဖို့ ဖြစ်လာပြီလား
ဘာဆိုဘာမှ မသိတော့ပါအချစ်များ

မကြားချင်ဘူး သူ့သီချင်းသံများ
မရချင်ဘူး စိတ်ကူးယဉ်ဘဝ
အရင်ကအိမ်မက် အခုပြန်မက်နေရုံနဲ့
လူတယောက်ရဲ့ဘ၀ မပြည့်စုံဘူး

လိုချင်တာ ပေးအပ်ခဲ့တဲ့ ဒီခဏ
အရာရာကိုမင်း အသုံးပြုပါ ဒီခဏ
ကိုယ်လိုတာ ပြောလို့မဖြစ်တဲ့ ဒီဘဝ
ဒီတစ်ခါ နောက်ဆုံး ဖြစ်လိမ့်မယ် သိလား

အကြိမ်ကြိမ် ကိုယ့်ရဲ့စိတ်တွေ သေသွား
ရင်ခုန်စရာလဲမရှိတော့ပါ ဒီဘဝ
အရာရာဟာ အကောင်းတိုင်းမဖြစ်တာ သိလား
ခံနိုင်ရည်လုံးဝ မရှိတာ သိလား...

0 comments: