Sunday, August 29, 2010

အလိုချင်ဆုံး.. မင်းနဲ့အဝေးဆုံး..

အမျှော်လင့်ဆုံးထားခဲ့.. ငါ့ဝိညာဉ်ရယ်..
ကမ္ဘာငယ်လေးတစ်ခုထက်..
ငါ့အသိတွေထဲ.. ဆန္ဒအားလုံးထက်..

တစ်ကြိမ်သေဆုံးဖူးတဲ့.. အိပ်မက်တွေထဲ..
ငါ့စွန့်စားမိခဲ့.. ရူးသွပ်စေခဲ့.. မင်းအတွက်ပါကွယ်..

အရာရာထက်မင်းကိုပိုလွန်းခဲ့ပါတယ်..
ယုံကြည်ခြင်းအစွန်းမှာရပ်တန့်ရင်း..
မမြင်နိုင်တဲ့တံခါးတွေဖွင့်ထားပါတယ်..မင်းအတွက်..

မသေချာခြင်းများနဲ့.. သွေးပျက်စေခဲ့..
ဒီမျက်ဝန်းလေးထဲ .. ဆက်အသက်ရှင်ခဲ့
မင်းအတွက်ပါကွယ်..


အရာရာထက်မင်းကိုပိုလွန်းခဲ့ပါတယ်..
ယုံကြည်ခြင်းအစွန်းမှာရပ်တန့်ရင်း..
မမြင်နိုင်တဲ့တံခါးတွေဖွင့်ထားပါတယ်..မင်းအတွက်..
အလိုချင်ဆုံး.. မင်းနဲ့အဝေးဆုံး... မင်းနဲ့အဝေးဆုံး..
မင်းနဲ့အဝေးဆုံး.. တစ်ယောက်တည်းသွားချင်တယ်..
အဝေးဆုံးးးး. .... ..

0 comments: