Monday, September 27, 2010

ဘာအကြောင်းကြောင့်

နေတတ်သလိုနေတဲ့ လူတွေကြားမှာနေလဲ အရောင်တွေပြောင်းပြီးရှေ့ဆက်
နေတာအမြဲခံနေတဲ့ ပင်လယ်သမုဒ္ဒရာလိုမျိုး လူတွန့်ခေါက်ကြေနေလဲ

ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မယိုင်နဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုပါနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မပူပါနဲ့

လူဆိုတာ အပ္ပာယ်တိရိစ္ဆာန်တွေထက် အမြင့်ရောက်နေသော်လည်း တစ်ချိန်ကြွေရမယ့်ပန်းတစ်ခက်ပါ
ဒီကမ္ဘာမှာ မှီပေးမယ့်သူမှ အခုပေးသူမရှိလဲ ငါ့ဆီမင်းအပြေးသာလာခဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မယိုင်နဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုပါနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မပူပါနဲ့

အရာတိုင်းမှာ အကုန်လုံး သူ့သဘောသူဆောင်တဲ့ အဖြစ်အပျက်ကိုယ်စီနဲ့
ယုံကြည်ပါ ဒီလောကတစ်ခုလုံးဟာ နောက်တစ်ရက်မျှော်နေတဲ့ အချိန်စက်သီးလေးတစ်လုံးပါ
ဟိုကွယ် မင်းရှိနေလဲ မင်းမရှိတော့လဲ အကုန်လုံးဟာ နေမြဲ နေဆဲ နေမြဲပါ
မင်းမရှိတော့လဲ မင်းရှိနေတယ် အကုန်လုံးဟာ နေမြဲ နေဆဲ နေခဲ့တယ်

ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မယိုင်နဲ့
ဘာအကြောင်းကြောင့် မင်းတစ်ယောက်မငိုပါနဲ့ ဘာအကြောင်းကြောင့် မင်းစိတ်မပူပါနဲ့

ဘာအကြောင်းကြောင့်..ဘာအကြောင်းကြောင့်...ဘာအကြောင်းကြောင့်......

0 comments: