Tuesday, November 02, 2010

မလိုအပ်ပါ

သူကပြောတယ် မင်းမရှိလို့ မဖြစ်ပါဘူးတဲ့
ငါကပြောမယ် မင်းမရှိလဲ ဖြစ်တယ်
ငါ့မှာ အဖော်တွေ များစွာပဲ မင်းလိုရင်ယူလိုက်အုန်း
မင်းကိုချစ်နေတဲ့ ကွဲအက် ဒီနှလုံးသား
မင်းကိုလွမ်းတဲ့ ထာဝရ ဒီအလွမ်း
မင်းရဲ့ မေပျောက်ခံ ဒီသစ္စာ
မင်းအပေါ် ထားရှိတဲ့ ဒီရိုးသားမှု
မင်းရဲ့ လျစ်လျှူရှူ့ခံ ဒီဖြူစင်မှု
မင်းကို တမ်းတနေတဲ့ ဒီစိတ်နှလုံးနဲ့
ရေတွက် မကုန်နိုင်ဘူး
ရဲရဲ မရှိမဖြစ်သူ့ရင်ခွင်ထဲ တိုးဝင်လိုက် ချစ်သူ
ခွင့်လွှတ်လားလို့ မေးဖို့ မလိုအပ်ပါ ချစ်သူ

0 comments: