Monday, April 25, 2011

မင်းမရှိတဲ့နေရာမှာ
မင်းပုံရိပ်တွေ အပြည့်ဘဲလေ
နှလုံးသားက ပုံရိပ်ကို
ပုံရိပ်အနေနဲ့ဘဲ
အသိအမှတ်ပြုတယ်
ဒါက အလွမ်းရဲ့ မြစ်ဖျားခံရာပေါ့

မြစ်လယ်မှာ လှေငယ်လေး မျောလွင့်နေတယ်
အလွမ်းပင်လယ်မှာ မျောလွင့်နေသူအတွက်
ဒါက မထူးစမ်းဖူးလေ
ကောင်းကင်မှာ တိမ်တိုက်တွေ ခြေဦးတည့်ရာဘဲ
အလွမ်းကွင်းပြင်မှာ ကိုယ့်စိတ်တွေ တည်ရာမဲ့ဘဲပေါ့

နာရီတွေ တစ်ချက်ချက်
နေ့ရက်တွေ တစ်ဖြုတ်ဖြုတ်ပဲ့ကြွေကုန်တယ်
မသေချာတဲ့ အနာဂါတ်တစ်ခုအတွက်
နာကျင်စွာ မျောပါသွားခဲ့ရဆဲ

0 comments: