Tuesday, May 10, 2011

အရုပ်ဟောင်းလေး...

ကိုယ်က မင်းအတွက်တော့ အရုပ်ဟောင်းလေးပါ
အင်းဟုတ်မယ် ဖုံတွေတက်လောက်အောင်
ချောင်တစ်နေရာမှာ မင်းစွန့်ပြစ်ခဲ့တယ်လေ

ပျော်ရွှင်နေပါချစ်သူ
မလိုအပ်ပါဘူးလေ ဒါကိုပြောဖို့ကိုလဲ
အင်းဟုတ်တယ် အရုပ်သစ်လေးနဲ့ ဆိုတော့
မင်းပိုပျော်မှာပါလေ

တစ်ချိန်က မင်းရဲ့အရုပ်သစ်လေး ဖြစ်ဖူးခွင့်ရတဲ့အတွက်
မင်း မသိ မကြားလဲ အရုပ်ဟောင်းလေးက
မင်းပျော်ရွှင်ပါစေဆိုတဲ့
သီချင်းတစ်ပုဒ်နဲ့
မျက်ရည်ကြားက
တတွတ်တွတ် ရွတ်ဆိုနေမှာပါလေ...

0 comments: