Friday, October 21, 2011

အရာရာအတွက် ကျေးဇူးပါ ကံတရားရယ်
သစ်ရွက်တွေ မြေမှာကြွေကျပြီး
နောက်တစ်ကြိမ် ရွက်သစ်တွေပြန်ဝေခဲ့မှာကို
သိနားလည်ဖို့ အခွင့်ပေးခဲ့ခြင်းအတွက်

အရာရာအတွက် ကျေးဇူးပါ ကံတရားရယ်
တစ်ချို့တစ်ချို့သောအရာတွေကို ငါ နားမလည်နိုင်တော့/နားလည်ခွင့်မရှိဘူးဆိုတာ
သိနားလည်စေခြင်းအတွက်

အရာရာအတွက် ကျေးဇူးပါ ကံတရားရယ်
အချို့အချို့သောအရာတွေကို ငါ မဖြေရှင်းနိုင်ဘူးဆိုတာ
သိမြင်စေခြင်းအတွက်

ဘာဘဲဖြစ်ဖြစ်ပေါ့ ကံတရားဆိုတာရယ်
ငါ ဟာ ငါ့ရဲ့ချစ်သူကို အကန့်အသတ်မဲ့ ချစ်တယ်ဆိုတာ
သိရှိခွင့်ရတဲ့အတွက် ကျေးဇူးပါ။ ။

0 comments: