Saturday, October 29, 2011

နတ္ထိမာန ထိုသုညဖြင့်
အချစ်တစ်ခု ငါချစ်ဖူး၏
ထိုထို ကြမ္မာ
မွှေနှောက်မှုအောက်
နှလုံးသားမြေနိမ့်
ထက်လှအသွား လှံချက်များ
ရင်နှင့်မဆံ့ စူးစူးနစ် စိုက်ဝင်ဖူး၏၊

တစစ်စစ်ကိုက်ခဲ လွမ်းဝေဒနာ
ငါလေ ရှည်ကြာခံပေဘူး၏
ကာလ ရှည်ကြာ ဒီဝေဒနာ
အလွမ်းပင်လယ် အဆုံးသတ်၏၊

သေချာပါတယ် ဒီအဖြစ်မှာ
မလွန်ဆန်နိုင် ဤအချစ်သည်သာ
တစ်ဦးထဲသော တရားခံတည်း။ ။

0 comments: