Sunday, November 27, 2011

ဘယ်တုန်းကမှ မမှားခဲ့တာ
ဟုတ်တယ် အဲဒါအချစ်
ဘယ်အရာကိုမှ ငဲ့ကွက်ဖို့မလိုတာ (အချို့အချို့သောအရာများမှလွဲ၍)
ဒါလဲ အချစ်ဘဲလေ
အမှန်တရားနဲ့ ယှဉ်တွဲတာ
ဒါလဲအချစ်ပါဘဲ
မမှားဘူးလို့ ပြောထားတယ်

တောင်းပန်ဖို့ မလိုအပ်တာ
အဲဒါအချစ်ပဲပေါ့
ရှင်းရှင်းလင်းလင်းသိနေနိုင်တာဘဲ

ဘဝတစ်ခုရဲ့အလင်း
အချစ်ဘဲနေမှာပါ
ညီမျှချင်းမဲ့သွားတာ
ဒါကိုလဲအချစ်လို့နားလည်ပေးပါ.. ကျေးဇူးပြု၍ပေါ့

တကယ်တော့ မချစ်ဖူးဆိုတာ
ဒါလဲအမှန်တရား တစ်ခုပါဘဲ
ဘဝနဲ့ အချစ် ခေါက်ရိုးမညီဘူးဆိုတာ
အသေအချာဘဲပေါ့..

ကျေးဇူးတင်နေမှာပါ...
တစ်ချိန်က ချစ်တယ်လို့ တိုးတိုးလေး ဆိုညည်းခဲ့ခြင်း အတွက်
ကိုဝိုင်ဝိုင်းရဲ့ သီချင်းထဲကအတိုင်း မှားချစ်မိတယ်လို့ ပါဘဲ...
ပျော်ရွှင်ပါစေ ချစ်သူ...

0 comments: