Monday, October 18, 2010

အရာရာဟာပြောင်းလဲခဲ့ပြီ

မင်းရဲ့ အိမ်မက် ကိုယ်ရဲ့ညတွေကို အဖော်လုပ်ဆဲ မင်းရဲ့စကားနဲ့
စိတ်ညစ်တဲ့ရက်တွေကို ကယ်တင်ခဲ့ ဒီလိုပဲ ကိုယ့်ဘ၀နေ့ရက်
နေရာတိုင်း မင်းရဲ့အကြောင်းတွေ အစုံပါပဲ
မဟောင်းသွားတဲ့ အဖြစ်အပျက် အချိန်တွေထဲ
တကယ်ပါပဲ မနေ့ တစ်နေ့ကလို မြင်ယောင်ဆဲ

မင်းအကြောင်းရေးတဲ့ ကိုယ့်သီချင်းများကြားထဲမှာ နေနေဆဲ
အခုထိဇွဲနဲ့ အချစ်ရဲ့ဖိစီးမှုကိုခံနေဆဲ တစ်ခါတလေလည်း
ကိုယ့်ဘ၀ ဓာတ်ပျက် ဘာကိုမှခံစားချက်မရှိတော့သလို
အနာဂတ်ထဲ အစားထိုးမရတဲ့နေရာအတွက်
ဘယ်လိုမှ ဖျက်လို့မပျက်တဲ့ ဒဏ်ရာတွေနဲ့

ဟေး အရာရာဟာ ပြောင်းလဲခဲ့ပြီ အချိန်တွေဟာ အသစ်ဖြစ်ခဲ့ပြီ
ပိုင်ဆိုင်တဲ့နေ့သစ်များဆီ ဟေး အရာရာဟာ ပြန်စလို့မရပြီ
အရာရာပြန်ဖျက်လည်းမရပြီ ပိုင်ဆိုင်တဲ့ဘ၀လမ်းဆုံးထိ

အစွန်းရောက် အမှတ်တရ တကယ်ပဲများလွန်းလှတဲ့ ကိုယ့်ဘ၀ထဲ
မင်းအတွက် ကိုယ့်အတွက် ထာဝစဉ်နေသွားမယ့်
လက်တွေ့ဘ၀ရဲ့ နေရာတွေအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်နဲ့
ရှေ့ကိုဆက် ဒီလိုပဲ ကိုယ်တို့နှစ်ယောက်ရဲ့ဘ၀ဟာ အတူတူပဲ
နှလုံးသားကို ဦးစားပေးတဲ့ဒုက္ခထဲ အရာရာဟာပြီးဆုံးလိုက်ရပြီ
အရှုံးတရားနဲ့ မင်းအကြောင်း သတင်းကောင်း
ကိုယ်လေ အမြဲတမ်းကြားချင်နေပါတယ် နှစ်လ နေ့ရက်
ဒီလိုပဲ တဖြည်းဖြည်း အေးသွားလိမ့်မယ်ထင်ပါတယ်
ဒါပေမယ့် အောက်မေ့ သတိရ တစ်ခါတစ်လေလည်း
မင်းအကြောင်း ပြောမိတဲ့အချိန်တွေထဲ ဘ၀တစ်ကွေ့မှာ
အမှတ်တရတွေ အများကြီးနဲ့ ကိုယ်လေသိပ်ချစ်ခဲ့ဖူးတယ်
မင်းတစ်ယောက်တည်း

ဟေး နေ၀င်ချိန်ခရီးလေးရောက်ပြီ ပျော်စရာတွေဝေးသွားခဲ့ပြီ
ရင်ခုန်ခြင်းအဆုံးသတ်ခဲ့ပြီ ဟေး
ပြန်မြင်ယောင်ခွင့်လည်းဝေးပြီ ပြန်လိုချင်လို့လည်းမရပြီ
မျိုသိပ်ရင်း ဘ၀လမ်းဆုံးအထိ

0 comments: