Thursday, October 14, 2010

အထီးကျန်ဂစ်တာ

သတိရတဲ့ ကိုယ့်ရဲ့ စိတ်ကို နှစ်သိမ့်ဖို့ရာ
ခဏလေး မေ့ချင်နေတာ ဘာမှ မတတ်နိုင်ပါလား
သီချင်းလေးတစ်ပုဒ် တီးကြည့်ဖို့ကို ကြိုးစားတဲ့အခါ
တစ်ယောက်ထဲ မပြည့်စုံနိုင်တာ သူတော့ မသိနိုင်ပါလား

အမြဲတမ်းပဲ တို့နှစ်ယောက်တွေ့ဆုံ ဒီအချိန်လေးအတိုင်း
အချစ်သီချင်းလေး မင်းကညည်းဆို ဂစ်တာတီးတိုင်း
ကြည်နူးစရာ အကောင်းဆုံး သီချင်းလေးတွေ လွင့်ပျံခဲ့ချိန်များ
ပြန်ရနိုင်ခွင့် မရှိတော့ပြီလား

ဘယ်ဆီကို လွင့်ပျောက်ပြီလဲ ကာရံညီသီချင်းလေးတွေလည်း
သီဆိုသူမင်းမရှိတော့တဲ့ ဒီလိုအချိန်မျိုးမှာ
အသက်မဲ့တဲ့ အထီးကျန်ဂစ်တာအခန်းထဲမှာ လဲပြိုနေတာ
မင်းသီချင်းလေး မရှိတော့တဲ့အခါ ပေါင်းစပ်လို့ မရတော့ဘူးကွာ

ဘယ်ဆီကို လွင့်ပျောက်ပြီလဲ ကာရံညီသီချင်းလေးတွေလည်း
သီဆိုသူမင်းမရှိတော့တဲ့ ဒီလိုအချိန်မျိုးမှာ
အသက်မဲ့တဲ့ အထီးကျန်ဂစ်တာအခန်းထဲမှာ လဲပြိုနေတာ
မင်းသီချင်းလေး မရှိတော့တဲ့အခါ ကိုယ့်ဘဝက အထီးကျန်ဂစ်တာ

သီချင်းလေး ကိုယ့်ဘဝထဲမှာ မရှိတော့ဘူးကွာ
ထာဝရ ပျောက်ကွယ်ပြီလေ အချစ်ဆုံး မင်းပြန်ယူသွား
မင်းနှုတ်ခမ်းက လှပတဲ့ ဒီသီချင်းလေး များစွာ
မျှောလင့် မနက်ဖြန်တွေမှာ ဆုတောင် မပြည့်နိုင်ပါလား

အမြဲတမ်းပဲ တို့နှစ်ယောက်တွေ့ဆုံ ဒီအချိန်လေးအတိုင်း
အချစ်သီချင်းလေး မင်းကညည်းဆို ဂစ်တာတီးတိုင်း
ကြည်နူးစရာ အကောင်းဆုံး သီချင်းလေးတွေ လွင့်ပျံခဲ့ချိန်များ
ပြန်ရနိုင်ခွင့် မရှိတော့ပြီလား

0 comments: