Saturday, October 23, 2010

အနှိုင်းမဲ့ များထက်မြင့်မြတ်သော

အိမ်မက်တစ်ခုကို
ထုဆစ်ချင်ခဲ့ရုံပါ မေမေ...။

မိဘမေတ္တာအကြောင်းကို
ကဗျာကောင်းကောင်းတစ်ပုဒ်တော့
ရေးတတ်ချင်ခဲ့တယ်...။

ဒါပေမယ့် မေမေ
ကမ္ဘာမြေသာကုန်ဆုံးသွားတယ်..
ရေးဖွဲစရာ စကားလုံး
တစ်လုံးတစ်လေတောင် ရှာဖွေမတွေ့ခဲ့ဘူး မေမေ...။

ဘာဖြစ်လို့လဲ ဆိုတော့
သား သမီး တိုင်းအပေါ်
မိဘတွေထားရှိတဲ့ မေတ္တာတရားက
အနှိုင်းမဲ့ ဆိုတာတွေထက်
ပိုပြီးမြင့်မြတ်နေခဲ့ လို့ပေါ့ မေမေ..။ ။

ဂေါ်ဖီထုတ်လေး@myanmarfamily.org

0 comments: