Sunday, March 06, 2011

နာကျင်ခံခက် ဝေဒနာစက်
အကျွန်ဘယ်သို့ ချေဖျက်ရပါ့ ငါ့၏အရှင်..ငါ့သခင်
ဓားသွားထက်က ပျားရည်စက်
ပမာတူမျှ ဒီအလွမ်းဇာတ်က
ခုံမင်နှစ်သက် အပျက်ပျက်နဲ့
နှလုံးသွေးရပ်လဲ ဂရုမမူ လှစ်လျှူ ရှုလျှက်
ဆတိုးကမယ့် အကျွန့်လို သူအတွက်
အထင်ပေါ်ဆုံး ပြဇာတ်ခုံပါလေ

အရှင့်နှလုံးသား အမျက်တော်ပြေ
ခုံမင်နှစ်သက် ပျော်ရွှင်ဆက်ဖို့
အကျွန့်နှလုံး ပျက်သုဉ်းလိုက ထာဝရ
အရှင့်သဘောပါလေ...

အလွမ်းမာယာဝင်္ကပါ မထီမဲ့ကင်း
ဝေဒနာအတွင်း အဖန်ဖန်ဆင်းလျှက်
ရှိဖူးမေတ္တာ ချစ်သစ္စာ အတွက်
နာကျင်ခံခက် ဝေဒနာစက်
ဆုံးစွန်အံတု ကမ်းကိုရှုလျှက်
ဖြတ်သန်း ကူးခတ် ရော်ရည်တမ်းတ
ဆွေးမြေ့လျှက်ပါလေ
အို..အကျွန့် ချစ်ဘုရင်ရေ...

0 comments: