Monday, December 05, 2011

အချစ်ဆိုတာ လွတ်လပ်ခြင်းလို့ နားလည်ပါတယ် ချစ်သူ
ဘယ်လောက်အထိ လွတ်လပ်ပေးမလဲ
အချစ်ဆိုတာ ညီမျှခြင်း တစ်ကြောင်းလို့ နားလည်ထားပါတယ်ချစ်သူ
ဘယ်လောက်ထိ ညီမျှခြင်းကိုက်မည့် ညီမျှခြင်းတစ်ကြောင်းပါလဲ
တကယ်လို့ မင်းမှာ ကိုယ့်ထက် ချစ်ရတဲ့သူတစ်ယောက် ရှိပါတယ်လို့ မင်းလွတ်လပ်စွာဆိုရင်
မင်းသူနဲ့ လွတ်လပ်စွာချစ်နိုင်ပါတယ်လို့ ဆိုမည့် အချစ်မျိုးပါ
ဒါက မင်းကိုချစ်နေလို့ဘဲပေါ့
အချစ် လွတ်လပ်ခြင်း ညီမျှခြင်း အားလုံးထပ်တူညီနေလို့ဘဲပေါ့
အဖိုးတန်ချစ်ခြင်းတစ်စုံ အတွက် အညတရအလွမ်းတစ်ခုကို ငဲ့ကွက်စရာ မလိုပါဘူးချစ်သူ
ဆက်လျှောက်ပါချစ်သူ ခရီးက နီးနီးလေးရယ်ပါ၊
ပျော်ရွှင်ပါစေ ချစ်သူ၊

0 comments: