Wednesday, December 07, 2011

ယုံကြည်မှု အစွန်းရောက်သွားတာ
ငါ့အမှား
ခမ်းနားတဲ့ အိမ်မက်တွေ စွတ်မှိတ်မက်ခဲ့တာ
ငါ့အမှား
ဘဝတွေ တကယ်တမ်းအဝေးမှာလို့မယုံကြည်ခဲ့တာ
ငါ့အမှား
နျူတန်ရဲ့တတိယ နိယာမဘယ်တော့မှမလွဲဘူးလို့ယုံတာ
ငါ့အမှား
မင်းပြောဖူးတဲ့ မဖြစ်နိုင်ဘူးဆိုတာကို မယုံကြည်ခဲ့တာ
ငါ့ရဲ့အမှား
အချစ်ကို ယုံကြည်ခဲ့မိတာ
ငါ့ရဲ့အမှား
.........
.......
ဟုတ်တယ်..
ငါတစ်ယောက်ထဲဘဲ မှားတာပါ...

0 comments: