Sunday, December 11, 2011

လုံလောက်ခဲ့ရမယ်လေ
တစ်ချိန်က ချစ်တယ်လို့ ဆိုတာလေးနဲ့..

လုံလောက်ခဲ့ရမယ်လေ
အတတ်နိုင်ဆုံး ချစ်ခဲ့ပါတယ်ဆိုတာကို
ကိုယ့်ကိုကိုအသိအမှတ်ပြုနေရင်းနဲ့ပေါ့

လုံလောက်ခဲ့ရမယ်လေ
ချစ်သူပျော်ရွှင်နေတာ ငါကိုယ်တိုင်လဲ
ထပ်တူပျော်ရွှင်ရမယ်လို့ အကြိမ်ကြိမ်အဖန်ဖန်
ငါတွေးနေရင်းနဲ့ဘဲပေါ့

လုံလောက်ခဲ့ရမယ်လေ
မင်းရဲ့ အသံလေးတွေ ပုံရိပ်လေးတွေနဲ့
အလွမ်းကို ဒူးထောက်အရှုံးမပေးကြေးဆိုတာကိုပေါ့...

လုံလောက်ခဲ့ရမယ်လေ
ငါ့ နှလုံးသားက သူဟာသူ့ချစ်ရတဲ့သူအတွက် အကြိမ်ကြိမ်
အစမ်းသပ်ခံနိုင် ပေးခဲ့တာကို..
ငြီးတွားရွတ်ဆိုနေပစေချင် နေပစေအုန်းပေါ့..

0 comments: