Tuesday, January 25, 2011

ချစ်သူ ချစ်သေးရဲ့လား
လွမ်းရဲ့လားတဲ့
မေးရက်တယ်နော်
မင်းမကြား မြင်နိုင်တဲ့
ဒီငါ့နှလုံးသားရဲ့
ဗျည်းသုံးဆယ့်နှစ်
နောက်ငါ အနည်းငယ်နားလည်တဲ့
alphabet26 တွေနဲ့
ဖော်ပြမရတဲ့
ဒီဝေဒနာ အလွမ်း
ဒါကို ပြန်ကုစားပေးတဲ့
ငါ့ရဲ့ အချစ်တွေနဲ့
ဒီစက်ဝန်းသံသရာမှာ
ကျင်လည်နေရတဲ့
ဒီမင်းချစ်သူကို အနည်းငယ်
စောင်းငဲ့ကြည့်ပါလို့ ...

0 comments: