Saturday, January 29, 2011

မနေ့ကထက်
ဒီနေ့ မင်းကိုပိုချစ်တယ်
မနက်ဖြန်ဆိုရင် သေချာတယ်
ဒီထက်ပိုချစ်တယ်
ဒီလိုပဲ
မနေ့ကထက်
ဒီနေ့ မင်းကိုပိုလွမ်းတယ်
မနက်ဖြန်ဆိုရင် သေချာတယ်
ဒီထက်ပိုလွမ်းရမယ်
ဒီချိန်ခွင်လျှာမှာ ငါရှင်သန်ရတယ်
ကျေးဇူးပြုပြီး အလွမ်းဘက်ကို
မပိုပါစေနဲ့လား ချစ်သူ
အချစ်တွေပိုတိုးလာမည့်
ငါ့မနက်ဖြန်များကို
မင်းရဲ့အချစ်တွေနဲ့
စတင်ခွင့်ပြုပါလို့

0 comments: