Wednesday, January 12, 2011

အလွမ်း

မင်းကို မသိခင်က အော် ဒါ အလွမ်း တဲ့လား
မင်းကို စထိတွေ့စဉ်က အော် အလွမ်း ဒါဖြစ်တတ်တဲ့သဘာဝပဲလေ
အချိန်နဲနဲ ကြာလာတော့ အလွမ်း မင်းမပြန်တော့ဘူးဆိုတာ သတိထားမိလာတယ်
ပိုကြာလာတော့ အား.. ငါတော်တော်နာကျင်နေပေါ့
ပိုပိုကြာလာတော့ အလွမ်း မင်းကို မုန်းစပြုလာပြီ
ဒီထက်ကြာတော့ငါ အလွမ်းဖျားတာစပြီပေါ့
အလွမ်း မင်းရက်စက်တယ်
မင်းကို ငါ့ရန်သူအဖြစ် ကြေငြာချင်ပေါ့
ငါ့ရဲ့ ချိနဲ့နှလုံးသားမှာ မင်းကိုတိုက်ဖို့ အားအင်မဲ့ပါ
ငါ့ချစ်သူလေးပြန်လာရင်တော့ မင်းကို ငါနိုင်မှာပါ
ဒီလိုနဲ့ အလွမ်း မင်းနဲ့စစ်ပြေငြိမ်းရတဲ့ညတွေမနဲဘူး
ငါရဲ့ အသက်နောက်ဆုံး ရှူထုတ်လိုက်တဲ့တိုင်လား
ငါ့ရဲ့ ရန်သူလေး အလွမ်း...

0 comments: