Thursday, January 06, 2011

ဒီရင်နဲ့ မဆန့်အချစ်တွေကို ပျိုးကြဲခဲ့တယ်
ဒီရင်နဲ့ မနိုင် အချစ် အသီးအပွင့်တွေ ပွင့်သီးခဲ့တယ်
ဒီမင်းတစ်ယောက်ထဲကို အချစ်တွေ ခူးယူစေခဲ့တယ်
ဒီရင်နဲ့ မနိုင်တဲ့ အသီးအပွင့်တွေ အခုတိုင်ပွင့်ဖူးဆဲပါချစ်သူ
ဒါပေမည့် ဒီလူကို မင်းထားသွားခဲ့ပြီလေ
ဖွင့်မပြောပေမည့် ဒီရင်က နားလည်ပြီးသားပါ
နင်မလိုရင် မေ့ထားလိုက် နင်မလိုရင်ဖယ်ထားလိုက် ဆိုတဲ့ သီချင်းက
နာကျင်ပေမယ့် အကြိမ်ကြိမ် နားထောင်ဖြစ်တဲ့ သီချင်းတစ်ပုဒ်ပဲပေါ့ချစ်သူ
ဒီရင်ရဲ့ အစတေးခံ အချစ်
ဒီလူရဲ့ အိမ်မက်ထဲက လူတစ်ယောက်အဖြစ်ဘဝကို အနားယူအိပ်ဆက်ခွင့်ပေးပါတော့လားချစ်သူ...

0 comments: