Thursday, February 03, 2011

သိပါရဲ့လားချစ်သူ မင်းတို့မင်္ဂလာဆောင်မှာ
မင်းတို့ သူတို့သား သူတို့သမီးအပြင်
ဒီကမ္ဘာပေါ်မှာ ဒွိကို ရင်ထဲမှာ အတင်းသွပ်သွင်းခံတစ်ယောက်ရှိမယ်လေ
တစ်ချိန်က မင်းပြောဖူးတဲ့ မင်းရဲ့အချစ်ဆုံး ဆိုသူပဲပေါ့

မင်းဒီလိုဖြစ်ဖို့ မရည်ရွယ်ခဲ့ပါဘူး လို့ သူ သူ့ကိုယ်သူအကြိမ်ကြိမ်ပြန်
ငိုတခါ ရီတစ်လှည့် သူတတွတ်တွတ်ရွတ်ဆိုနေတာကို ဘေးလူက
အရူးတစ်ယောက်များလားလို့ ပြောမှာ အသေအချာပဲပေါ့

သူ့ကမ္ဘာမှာသူ မရူးပါဘူးချစ်သူ
သူ့က အချစ်သူရဲကောင်းတစ်ယောက်ပါ
အချစ်ဝင်္ကပါ ကသူ့ရဲ့အားနည်းချက်လို့ လူတိုင်းဆိုလိမ့်မယ်
ဒါပေမည့်သူသိနားလည်တယ် ဒါဟာသဘာဝ သက်သက်ပါပဲလို့
နေဝင်နေထွက် ငှက်ကလေးတေးဆိုထက် ပိုမထူးစမ်းပါလို့ သူနားလည်ပါမယ်
မင်းထွန်းညှိပေးခဲ့တဲ့ အလင်းနဲ့သူဘယ်တော့မှ အိမ်အပြန်လမ်း ပျောက်လိမ့်မယ် မဟုတ်လို့ပဲပေါ့

0 comments: