Sunday, February 13, 2011

ကဗျာဆရာတစ်ယောက်ကဆိုတယ်
ပေါင်မုန့်တစ်ချပ် ဝိုင်တစ်ခွက်နဲ့
သူ့ချစ်သူလေး အနားမှာရှိရင်
သူဘဝလုံလောက်ပါပြီတဲ့

ကိုယ်ကဆိုမယ်
အချစ်သီချင်းတစ်ပုဒ်နဲ့
အနားမှာမင်းရှိရင် လုံလောက်ပါပြီ
ပေါင်မုန့်စားဖို့ အချိန်မပေးချင်ဘူး
ဝိုင်တစ်ခွက်သောက်ဖို့လဲ ထို့အတူပါဘဲ
ကိုယ့်ရဲ့ချစ်သူ"ချစ်"

0 comments: