Monday, February 14, 2011

ချစ်သူများနေ့ကို တစ်နှစ်မှာတစ်ရက် သတ်မှတ်ကြတယ်
ဒါပေမည့် ကိုယ့်အတွက် လွမ်းသူများနေ့ကို
ဘာကြောင့် နေ့စဉ်သတ်မှတ် ပေးတာလဲချစ်သူ

ကိုယ့်ဘေးမှာ မင်းမရှိတဲ့
ချစ်သူများနေ့ဟာ
ပင်လယ်ထဲ လှိုင်းထန်
အလွမ်းမိုးရာသီထဲ
မုန်တိုင်းတစ်ခု ဖြတ်သန်းသွားခြင်းဘဲပေါ့

ကျန်ရှိမည့် ကိုယ့်ဘဝ
မင်းနဲ့ထာဝရ အတူရှိခွင့်ဆိုတဲ့ မျှော်လင့်ချက်နဲ့
အသက်ဆက်ရသူ အတွက်
မင်းမရှိတဲ့ ချစ်သူများနေ့ရယ်
မကြားမသိပါရစေနဲ့တော့လားကွာ

0 comments: